Saturday, November 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSMTC)၏ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (FSMTC) ၏ ညွှန်ကြားရေးမှူး Mr. Alexander. FOMIN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူး Mr. Alexander. FOMIN နှင့်အတူ Rosoborone Export ကုမ္ပဏီ၏ ညွှန်ကြားရေး မှူးချုပ်ဖြစ်သူ Mr. Anatoly ISAYKIN ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လက်ရှိဆောင်ရွက်နေသော စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ လေ့ကျင့်ရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment