Thursday, November 17, 2016

"မွန်ရိုးရဲ့ သမိုင်းဝင် Happy Birthday Mr. President ပွဲတက်ဝတ်စုံကို လေလံတင် ရောင်းချဖို့စီစဉ်"

ဟောလိဝုဒ် ဂန္ထဝင် ကြယ်တစ်ပွင့် ဖြစ်ခဲ့တဲ့ မင်းသမီး မာရီလင်မွန်ရိုး ဝတ်ဆင်ခဲ့ဖူးတဲ့ Happy Birthday Mr. President ပွဲတက် ဝတ်စုံကို လေလံတင် ရောင်းချသွားမယ်လို့ သိရပါတယ်။ မွန်ရိုးဟာ သူနဲ့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီအတွက် ရည်စူးပြီး Happy Birthday Mr. President လို့  သီချင်းသီဆိုပေးချိန်မှာ ဒီပွဲတက် ဝတ်စုံကို ဆင်မြန်းထားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က မွန်ရိုး သီချင်းဆိုနေတဲ့ ပုံရိပ်ဟာ သမိုင်းဝင် အခိုက်အတန့် တစ်ခုလို ဖြစ်ခဲ့ပြီး အဲဒီဝတ်စုံကိုလည်း Happy Birthday Mr. President ဝတ်စုံလို့ လူသိများခဲ့တယ်။ Julien လေလံဌာနက ဒီပွဲကနေ ဒေါ်လာ ၂ သန်းကနေ ၃ သန်းကြားလောက် ရရှိမယ်လို့ မျှော်လင့်နေတယ်။

No comments:

Post a Comment