Saturday, November 19, 2016

အမြန်လမ်းတွင် လမ်းမပေါ်ဖြတ်ကူးသည့် ဆိုင်ကယ်အား HIACE ယာဉ်ဖြင့် ၀င်တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ နှစ်ဦးလုံး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၆၆ မိုင် အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ညနေ ၆ နာရီခွဲခန့်က အမြန်လမ်းမပေါ် ဖြတ်ကူးသည့် ဆိုင်ကယ်အား လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့သွားသည့် TOYOTA HIACE ယာဉ်ဖြင့် ၀င်တိုက်မိရာ ဆိုင်ကယ်စီးလာသူ နှစ်ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ အမြန်လမ်းပေါ် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ၀င်တိုက်မိခဲ့သည့် HIACE ယာဉ်တို့မှာ လမ်းမကြီးအတိုင်း ယာဉ်ကြောတူ မြောက်မှတောင်သို့ မောင်းနှင်နေကြစဉ် ဆိုင်ကယ်စီးလာသူ နှစ်ဦးမှ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၆ မိုင် ၇ ဖာလုံနှင့် ၆၇ မိုင် အကြားသို့ အရောက် လမ်းလယ်ကျွန်း လမ်းဖြတ်အားကူးရန် လမ်းမအနောက်ဘက်မှ အရှေ့ဘက်သို့ ချိုးကွေ့လိုက်စဉ် နောက်မှပါလာသော HIACE ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။



ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှယာဉ်ဖြင့် မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် အခင်းဖြစ်စဉ် ရရှိသွားသော ဒဏ်ရာများဖြင့် ဆိုင်ကယ်စီးလာသူ နှစ်ဦးလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဒိုက်ဦးမြို့နယ် ကောလိယဆည်မြောင်းအနီး တဲတိုက်နေ ဆိုင်ကယ်မောင်းသူ ကိုမြ၀င်းနိုင် ၂၉ နှစ်၊ နောက်ထိုင်ခုံတွင် လိုက်ပါစီးနင်းသူ ဆံရှည်(ခ)ထွန်းလင်းကို ၂၅ နှစ်တို့ဖြစ်ကြပြီး အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှ အမြန်လမ်းပေါ် ဆိုင်ကယ်တက်ရောက် မောင်းနှင်သည့် မြ၀င်းနိုင်အား ယာဉ် (ပ) ၃၄/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၄-က အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။ေ ဇ်ာဝင်းချစ်(တောင်ငူ)

No comments:

Post a Comment