Wednesday, November 23, 2016

ကမ္ဘာပေါ်တွင် HIV ကူးစက်ခံထားရသူ ၃၈ သန်း ရှိကြောင်း UNAIDS ထုတ်ပြန်

၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာတစ်လွှား၌ HIV ပိုးကူးစက်ခံထားရသူပေါင်း ၃၈ သန်းကျော်ရှိကြောင်း နမီးဘီးယားနိုင်ငံဝင်းဟော့ခ်မြိုမှ နိုဝင်ဘာလ ၂၁ ရက်က ထုတ်ပြန်သော UNAIDS အစီရင်ခံစာတွင် ဖော်ပြထား သည်။ အဆိုပါ အစီရင်ခံစာကို “ Get on the Fast-Track” လမ်းကြောင်းမှန်ပေါ်အမြန်တက်ပါဟု အမည်ပေးထားသည်။ ဘဝသံသရာချဉ်းးကပ်မှု အဖွဲ့ က ကမ္ဘာပေါ်တွင် HIV ပိုးကူးစက်ခံထားရသူပေါင်း ၃၈ သန်းကျော်ရှိပြီး ၁၈ သန်းကျော်မှာ အမျိုးသမီးများ နှင့် ၁.၈ သန်းမှာအသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။  ထို့ ပြင် ၂ဝ၁၅ခုနှစ် တစ်နှစ်ထဲတွင် လူပေါင်း ၂ သန်းကျော် ရောဂါကူး စက်ခံရကြောင်း ၊ ၄င်းတို့ အနက် ၁ သိန်းခွဲမှာ အသက် ၁၅ နှစ်အောက် အရွယ် ကလေးသူငယ်များဖြစ်ကြောင်း ဆိုထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်း AIDS ဆက်စပ်ရောဂါဖြင့် သေဆုံးသူ ၁.၁ သန်းကျော်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၄င်းတို့ အနက် လူဦးရေ ၁၁ဝ,ဝဝဝ ကျော်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရဒေသ တွင် နေ့ စဉ် လူပေါင်း ၅၇ဝဝ ဦးသည် ရောဂါကူးစက်ခံနေရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ #Xinhua

No comments:

Post a Comment