Sunday, November 20, 2016

iPhone 7 ထက် ပိုကောင်းသည့် စွမ်းဆောင်ရည်များ ပါဝင်သော One Plus 3T ကို ပိုမို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချမည်


One Plus ကုမ္ပဏီ၏ နောက်ဆုံး မျိုးဆက် မိုဘိုင်းလ်ဖုန်း ဖြစ်သော One Plus 3T သည် ထည့်သွင်း ထားသော Hardware များကြောင့် iPhone 7 ထက် ကောင်းမွန်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်မည် ဖြစ်သည့်အပြင်ေ ဈးနှုန်းပိုင်းတွင်လည်း iPhone 7 ထက် ပိုမို သက်သာသော အခြေအနေမျိုး ရှိမည်ဟု Tech Chrunch သတင်းဌာနက ဖော်ပြသည်။ One Plus 3T တွင် Qualcomm Snapdragon 821 Processor ကို အသုံးပြု ထားသောကြောင့် ဈေးကွက် အတွင်းသို့ ရောက်ရှိပြီး ဖြစ်သော မိုဘိုင်းလ်ဖုန်းများ ထက် စွမ်းဆောင်ရည်ပိုင်း အမြင့်ဆုံး အနေအထားမျိုး ပိုင်ဆိုင်မည် ဖြစ်သည်။ RAM 6 GB ထည့်သွင်း ထားသည့် အပြင် ဘက်ထရီ မှာလည်း 3400 mAh ဖြစ်ခြင်းကြောင့် iPhone 7 ထက် ပိုမို ကောင်းမွန်သည့် စွမ်းဆောင် ရည်များ ပိုင်ဆိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ် ထားသည်။ မျက်နှာပြင်မှာလည်း ၅ ဒသမ ၅ လက်မ ရှိမည်ဖြစ်ကာ Full HD အရည်အသွေး ဖော်ပြနိုင်သော AMOLED Display ကို အသုံးပြု ထားသည်။ Andreno 530 GPU အသုံးပြု ထားခြင်းကြောင့် ပုံရိပ်များနှင့် အရောင်များကို ဖော်ပြရာတွင် ပိုမိုကောင်း မွန်သည့် အားသာချက်များ ပိုင်ဆိုင်မည် ဖြစ်သည်။ေ ရှ့ကင်မရာနှင့် နောက်ကင်မရာမှာ 16 MP ရှိမည် ဖြစ်ကာ နောက်ကင်မရာသည် 4K အရည်အသွေး ရှိသော ဗီဒီယိုများကို 30fps နှုန်းဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။ One Plus 3T ကို အမေရိကန် ဒေါ်လာ ၄၃၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သောကြောင့် ရောင်းဈေး အမေရိကန် ဒေါ်လာ ၇၄၉ ဒေါ်လာ သတ်မှတ်ခဲ့သည့် iPhone 7 နှင့် နှိုင်းယှဉ်လျှင် သိသာစွာ သက်သာမည် ဖြစ်သည်။ြ မ၀တီ

No comments:

Post a Comment