Saturday, November 19, 2016

တတိယမြောက် Japan Record Award ဆုကို Big Bang အဖွဲ့လက်ခံရယူမည်

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ Big Bang သည် ၅၈ ကြိမ်မြောက် Japan Record Award ဆုပေးပွဲတွင် အထူးဆုတစ်ခုကိုလက်ခံရယူမည်ဟု နိုဝင်ဘာ ၁၈ ညနှောင်းပိုင်းတွင် ကြေညာသည်။ အဆိုပါ ဆုသည် ဂီတလုပ်ငန်းမှ ထူးချွန်သော အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ပွဲကိုစပွန်ဆာ ပေးသည့် ဂျပန်တေးရေးအဖွဲ့က ဆုရရှိသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါ ပွဲကို ဒီဇင်ဘာ ၃၀ တွင် ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ Big Bang အဖွဲ့သည် Japan Record Award ဆုကို တတိယအကြိမ်မြောက်အဖြစ်ရရှိခြင်းလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အကောင်းဆုံးမျက်နှာသစ်အနုပညာရှင်ဆုအဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် အကောင်းဆုံးအယ်လ်ဘမ်ဆုအဖြစ်လည်းကောင်း ရရှိခဲ့ဖူးသည်။

စီနီယာများ၏ အောင်မြင်မှုများအတိုင်းပင် iKON အဖွဲ့သည် ယခုနှစ်အတွက် အကောင်းဆုံးမျက်နှာသစ်အနုပညာရှင်ဆုကို ရရှိခဲ့သည်။ YG အင်တာတိန်းမန့်က ဆုရရှိသူများစာရင်းတွင် ကိုရီးယားအနုပညာရှင်များအဖြစ် ၄င်းတို့နှစ်ဖွဲ့သာ ပါရှိသည့်အတွက် ယင်းဆုသည် ပိုမိုအဓိပ္ပါယ်ရှိသည်ဟု ပြောကြားသည်။
ယခုလအစောပိုင်းတွင်ထွက်ရှိခဲ့သည့် Big Bang အဖွဲ့၏ ၁၀ နှစ်မြောက်နှစ်ပတ်လည် ဖျော်ဖြေပွဲနှင့် ရုပ်ရှင် ဒီဗီဒီနှင့် Blu-ray အခွေတို့သည် Oricon အပတ်စဉ်ဂီတဇယားနှင့် အခြားဂီတဇယားတို့တွင် ထိပ်ဆုံးတွင် နေရာယူနိုင်ခဲ့သည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ်သည်။ Big Bang အဖွဲ့သည် လက်ရှိတွင် ၄င်းတို့၏ Japan Dome နယ်လှည့်ဖျော်ဖြေပွဲကိုပြုလုပ်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် သီချင်းခွေသစ်ဖြန့်ချိလိမ့်မည်ဟု ခန့်မှန်းရသည်။ ယခုနှစ်တွင် ကျင်းပခဲ့သော Japan Dome နယ်လှည့်ဖျော်ဖြေပွဲတွင် စတုတ္ထအကြိမ်မြောက်ဖြစ်သည့်အတွက် ယင်းနေရာတွင် လေးကြိမ်ဆက်တိုက်ကျင်းပခဲ့သည့် ပထမဆုံးနိုင်ငံခြားအနုပညာရှင်ဖြစ်လာခဲ့သည်။
Ref:Soompi

No comments:

Post a Comment