Saturday, November 19, 2016

၂၀၁၆ လက်တင် ဂရမ်မီဆုပေးပွဲမှာ ပရိတ်သတ်ကို အံ့သြသင့်စေခဲ့တဲ့ Jennifer Lopez နဲ့ Marc Anthony

Jennifer Lopez နဲ့ March Anthony တို့ဟာ၂၀၁၆ လက်တင် ဂရမ်မီဆုပေးပွဲမှာ အတူတကွ ဖျော်ဖြေ ပြီးနောက် တစ်ဦးနဲ့တစ်ဦး နမ်းရှုံ့ခဲ့ကြပါတယ်။ြ ပီးခဲ့တဲ့ ကြာသာပတေးနေ့က သူတို့နှစ်ဦးဟာ စတိတ်စင်ပေါ်မှာ သူတို့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ "Olvídame y Pega la Vuelta" ကို အတူတကွ ဖျော်ဖြေခဲ့ကြပြီးနောက် တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ နမ်းရှုံ့ခဲ့ရာ ပရိသတ်များမှာ အံ့သြမှင်သက်ခဲ့ပါတယ်။ေ ဂျလိုဟာ သူမရဲ့ခင်ပွန်းဟောင်း စူပါစတား Anthony နဲ့အတူ စပိန်ဘာသာဖြင့် သီချင်းအသစ်ကို သီဆိုခဲ့ပြီး Anthony ဟာလည်း ထိုနေ့ညက The Latin Recording Academy's Person of the Year ဆိုတဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ Jennifer Lopez နဲ့ Marc Anthony တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ဇွန်လ ၁၆ရက်နေ့တုန်းက ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment