Monday, November 21, 2016

KIA ၊ AA ၊ TNLA ၊ MNDAA အဖွဲ့များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြားထိခိုက်ဒဏ်ရာရရှိ

နိုဝင်ဘာလ ၂၀ ရက်၊ မနက် ၁၀း၃၀ အချိန်တွင် KIA AA TNLA ပူးပေါင်းအဖွဲ့များမှ သိန်းနီမြို့အဝင် နမ္မတူတံတား အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ လက်နက်ကိုင် ပူးပေါင်းအဖွဲ့များသည် ယနေ့မနက် ၅ နာရီအချိန်ခန့်မှ စတင်ကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကုန်သွယ်ရေးစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ၀န်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများအား မူဆယ်ဆေးရုံသို့ လူနာတင်ကားများဖြင့် ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကူညီရေးခေါင်းဆောင်တစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား TNLA ၊ AA ၊ MNDAA အဖွဲ့များ ပူးပေါင်း အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးမှလည်း Frontier Myanmar ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment