Friday, November 25, 2016

တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲမှုသည် KIA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက မြန်မာ - တရုတ် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်နှင့် မန်ဟိုင်းဒေသအတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် တရုတ်နိုင်ငံဘက်မှ အကြောင်း ကြားစာပေးပို့လာခြင်းနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက မြန်မာတရုတ်နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ် ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝမ်တိန်နှင့် မန်ဟိုင်းဒေသအတွင်းသို့နိုဝင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဝမ်တိန်ဘက်သို့ ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ နှစ်လုံး စုစုပေါင်း ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် တရုတ်ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပြည်သူတစ်ထောင်ကျော်ခန့်မှာလည်း ဝမ်တိန်နှင့် မန်ဟိုင်းဘက်သို့ ရောက်ရှိနေကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တယ်ဟုန်တိုင်း ခြေချနယ်စပ်ကာကွယ်ရေးတပ်ဖွဲ့က အကြောင်းကြားစာပေးပို့ခဲ့သည်။

နယ်နိမိတ်ချင်းထိစပ်နေဝမ်တိန်ဒေသသည် မြန်မာနိုင်ငံ ကြူကုတ်(ပန်ဆိုင်း)မြို့နှင့်လည်းကောင်း၊ မန်ဟိုင်းဒေသသည် မြန်မာနိုင်ငံ၊ မုံးကိုးမြို့နှင့် လည်းကောင်း နယ်နိမိတ်ချင်းထိစပ်နေသော နေရာများဖြစ်သည်။
ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုးမြို့တို့၌ နှစ်နိုင်ငံနယ်စပ် သဘောတူညီချက်ပါ အကွာအဝေးအတိုင်း မြန်မာ-တရုတ် နယ်စပ်ကပ်လျက်မိမိတပ်နှင့် ရဲတပ်ဖွဲ့စခန်းများထားရှိ၍ လုံခြုံရေး ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်က စခန်းအသီးသီးသို့ KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲမှုကို စိစစ်ချက် အရ တပ်နှင့် ရဲတပ်ဖွဲ့စခန်း နေရာများသို့ KIA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များအနေဖြင့် အရှေ့တောင်ဘက်၊ တောင် ဘက်နှင့် အနောက်တောင်ဘက်တို့မှ အနောက်မြောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့မြောက် ဘက်သို့ ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်၍ ပစ်ခတ် တိုက်ခိုက်မှု ဦးတည်ချက် များအရ ဝမ်တိန်ဒေသနှင့် မန်ဟိုင်းဒေသ လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲခြင်းမှာ KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီး မှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးတွေ့ရှိချက်များကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့သို့ မြန်မာ့တပ်မတော်နယ်စပ်ဒေသကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင်မှတစ်ဆင့် ပေးပို့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment