Wednesday, November 30, 2016

KIA/ TNLA/ MNDAA လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် မုံးကိုးနယ် မြေမှ ပြည်သူများ ထွက်ပြေးနေရဟု အစိုးရထုတ်ပြန်

KIA/ TNLA/ MNDAA လက်နက်ကိုင်အဖွဲ့များသည် မုံးကိုးနယ်မြေအား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ်အတွင်း တိမ်းရှောင် ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။ ယင်း တိမ်းရှောင်ထွက်ပြေးသည့် ဒေသခံ ပြည်သူများအား လူမှုကူညီရေးများ ဆောင်ရွက်ပေး လျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲရှောင် ဒေသခံပြည်သူ ၁ဝဝဝ ကျော်သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင်ကျောင်း၊ စက် ရုံဟောင်းနှင့် ဈေးအနီး ကွင်းပြင်များတွင် ယာယီတဲငါးလုံး ဖြင့် နေထိုင် လျက်ရှိရာ ကိုးကန့်ဒေသမှ လူမှုရေးအသင်း တစ်ခုက ရွှေလီမှတစ်ဆင့် မန်ဟိုင်မြို့သို့ သွားရောက်ကာ လူမှုကူညီရေးများ ဆောင်ရွက်ပေး လျက်ရှိကြောင်း လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာ ၏ ဖော်ပြချက် အရ သိရသည်။ The Ladies News

No comments:

Post a Comment