Tuesday, November 22, 2016

KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံး

နမ့်နိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီးသည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍ မရအောင် ပိတ်ဆို့ထားကြောင်း ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီက သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းမှ သွားရောက် ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ၊ ယာဉ်မောင်း အမျိုးသားတစ်ဦးသည် ၁၂ ဘီး (Nissan) ယာဉ် အမှတ် 7F/6289 ယာဉ်ခေါင်းခန်းပေါ်တွင် နှဖူးကျည်ဆံဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ပိတ်ဆို့ရပ်တန့်ထားခြင်း ခံရသည့် ယာဉ်များအနက် အချို့ယာဉ်များ၏ ကားမှန်များကို ရိုက်ခွဲခြင်းများ အပါအဝင် ယာဉ်များအား ဖျက်ဆီးမှုများ ပြုလုပ်ထားကြောင်း တွေ့ရှိရပြီး လမ်းပေါ်တွင် ယာဉ်များ သွားလာခြင်း မရှိစေရန်နှင့် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment