Tuesday, November 22, 2016

ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်များတွင် KIA/ TNLA လက်နက်ကိုင်များ ဆက်ကြေးကောက်ခံ

နိုဝင်ဘာလ ၂၁ ရက် ညနေ ၃ နာရီမှ ၄ နာရီ ခွဲ အထိ ကွတ်ခိုင်မြို့၏မြောက်ဘက် (၁၆) မိုင် ခန့်အကွာ အောက်နမ့်ဖတ်လွန်းကျေးရွာအနီး ပြည်ထောင်စုကားလမ်း မိုင်တိုင် (၂၃၈/၃) အနီး၌ KIA/ TNLA လက်နက်ကိုင် အင်အား (၂၀၀) ဦးခန့်သည် လမ်း၏ ဝဲ/ ယာ တောင်ကုန်းများပေါ်၌ အသီးသီး ဖြန့်ခွဲနေရာယူထားပြီး (၂၂) ဘီးတွဲ ဆီဘောက်ဆာယာဉ်အား ကန့်လန့်ခံ လမ်းပိတ်ဆို့၍ လမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များအား (၁) စီးလျှင် (၃) သောင်း/ (၅) သောင်းကျပ်နှုန်းဖြင့် ဆက်ကြေး ကောက်ခံမှုများပြုလုပ်ကာ ကောင်းခါး၊ မန်ပြိန်းကျေးရွာများဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ အလားတူ နိုဝင်ဘာလ ၂၁ ရက် ၁၂၃၀ အချိန်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီကားကြီးဝန်းရှိ သိန်းသန်းချီဆောက်လုပ်ရေးကုမ္မဏီသို့ KIO တောင်ပိုင်းတိုင်း တပ်မဟာ (၄) အခွန်ဌာနခွဲ၏ ဆက်ကြေးပေးဆောင်ရန် အကြောင်းကြားစာ လာရောက်ပေးပို့နေသည့် KIA တပ်မဟာ (၃) မှ တသအဆင့်ရှိ ဇော်ရှန် (ခ) မာတီး (၂၉)နှစ် ကချင်/ ခရစ်ယာန် (ဘ) ဦး ဇော်လ ဟိုမွန်ရပ်ကွက် မူဆယ်မြို့နေသူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

No comments:

Post a Comment