Tuesday, November 29, 2016

မူဆယ်မြို့၌ KIA/ TNLA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ

နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီ မိနစ် ၄၀ ခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သစ်တောလမ်း၊ ရန်ကုန် တင်တင်လှ ထမင်းဆိုင်အနီး လျှိုအတွင်းသို့ KIA/ TNLA လက်နက်ကိုင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးထိမှန်ခဲ့သည့် နေရာ၏ အရှေ့ ပေ ၂၀ အကွာ ခြံဝန်းအလွတ်၏ အုတ်နံရံတွင် လည်းကောင်း၊ ပေ ၁၀၀ ခန့်အကွာ သဲပုံတွင်လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း တွေ့ရှိရသည်။ ည ၉ နာရီ မိနစ် ၄၀ တွင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားရပ်နှင့် စက်မှုကွက်သစ်ကြား တွင်လည်းကောင်း၊ ည ၁၀ နာရီ မိနစ် ၅၀ တွင် စက်မှုလမ်းနှင့် မန့်မိုင် ရွာအနီး တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ေ ပါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် KIA/ TNLA လက်နက်ကိုင်အဖွဲ့များ သည် ကောင်းမှုတုံရပ်ကွက် ဟိုနားရပ် စက်မှုကွက်သစ်အတွင်းသို့ ၀င်ရောက်ပြီး အလုပ်ရုံအချို့ထံမှ ဆက်ကြေးများ ကောက်ခံ၍ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ရှင်းလင်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန် ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment