Thursday, November 24, 2016

တပ်မတော်လုံခြုံရေးစခန်းကုန်းများအား KIA/ TNLA/MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်တိုက်ခိုက်

မူဆယ်မြို့နယ် မုံးကိုးမြို့ ရပ်ကွက်(၃)ရှိ တပ်မတော်လုံခြုံရေးစခန်းကုန်းများအား KIA/ TNLA/MNDAA လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ အလားတူ ည ၁၀ နာရီ မိနစ်၂၀ ခန့်တွင်ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ဘောလုံးကွင်းအနီးရှိတောစပ်နေရာမှ လက်နက်ကြီးဖြင့်လာရောက်ပစ်ခတ်ခဲ့ရာ တပ်မတော်မှ ပြန်လည်ပစ်ခတ် နယ်မြေရှင်းလင်းဆောင်ရွက် ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ မုံးကိုးမြို့ အနောက်တောင်ဘက် မန်ကန်(မုံးကိုး)ကျေးရွာ အနီး တောင်ကြောနေရာများရှိ KIA/ TNLA/MNDAA လက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းသိရသည်

No comments:

Post a Comment