Sunday, November 20, 2016

KIA အဖွဲ့မှ မြို့နယ်အလိုက် တပ်ဖွဲ့ဝင် ၃ ဦးစီအား မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ရန် စီစဉ်နေမှု ကြောင့် ဒေသခံများစိုးရိမ်


ကချင်ပြည်နယ်အတွင်းရှိ မြို့/ရွာများ၊ ဌာနဆိုင်ရာများ၏ အရေးကြီးသောအဆောက်အဦများအား မိုင်းထောင် ဖောက်ခွဲမှုများပြုလုပ်ရန် KIA အဖွဲ့မှ မြို့နယ်(၁)မြို့နယ်လျှင် တပ်ဖွဲ့ဝင် ၃ ဦးစီအား နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် စေလွှတ်လိုက်သောကြောင့် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ဖားကန့်ဒေသ ခံများထံမှ သိရှိရပါသည်။ “ သူတို့အဖွဲ့က မြို့တွေနဲ့ရွာတွေမှာရှိတဲ့ အစိုးရ အဆောက်အဦတွေကို အဓိကထားပြီးတော့ ယခုရက်ပိုင်း အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမယ်လို့ ကြားသိရတယ်၊ မြို့နယ်တစ်ခုကို ၃ ယောက်လောက် စေလွှတ် ထားတယ်လို့လည်းသိရတယ်၊ အဲဒီလိုတွေကြားသိနေရတဲ့အတွက် ဒေသခံတွေအများစုက စိုးရိမ်နေကြရ တယ်၊ အရင်တုန်းကလည်း ဥရုရတနာကျောက်စိမ်းတောင်တံတားနဲ့ မြို့မရပ်ကွက်ဘက်ခြမ်းမှာရှိတဲ့ ပျိုးခြံတွေ ကို သူတို့အဖွဲ့က ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ခဲ့ကြသေးတယ်”ဟု ဖားကန့်မြို့ခံတစ်ဦးမှ ပြောပါ သည်။

KIA အဖွဲ့သည် တပ်မတော်စစ်ကြောင်းများနှင့် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ၎င်းတို့၏စခန်းများ၊ တပ်ဖွဲ့ဝင်များ ဆုံးရှုံးမှုများကြုံတွေ့နေရသဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ အရေးကြီး အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်ရန် မြို့နယ်(၁)မြို့နယ်လျှင် တပ်ဖွဲ့ဝင် ၃ ဦးနှုန်း ဖြင့် ၃၀ ဦးခန့်အား စေလွှတ်ထားကြောင်း သိရှိရပါသည်။
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ အစိုးရရုံး၊ အဆောက်အဦများနှင့် ပြည်သူလူထုသွားလာနေသည့် လမ်းကြောင်းများတွင် ဗုံးခွဲမိုင်းထောင်ဖောက်ခွဲခြင်း၊ လက်ပစ်ဗုံးများအား ပစ်ပြီးပြေးသွားခြင်းများပြုလုပ်ရန် တပ်ဖွဲ့ဝင်များအား မြို့နယ်အလိုက်စေလွှတ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါ KIA အဖွဲ့သည် မေလ ၉ ရက်နေ့ကလည်း ဖားကန့်မြို့ပေါ်ရှိ အစိုးရရုံးများနှင့် အဆောက်အဦများအား ဗုံး ၆ လုံးနှင့် မိုင်း ၃ လုံးတို့ဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဖားကန့်မြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွား ပါသည်။
Kachin Daily News

No comments:

Post a Comment