Tuesday, November 22, 2016

KIA အဖွဲ့မှ တောင်ယာလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံကချင်လူမျိုး ဇနီးမောင်နှံနှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် KIAအဖွဲ့မှ တောင်ယာလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံ ကချင်လူမျိုး ဇနီးမောင်နှံ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ ဗန်းမော်မြို့နယ်၊ ခူးလီကျေးရွာသို့ နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် လက်နက်ကိုယ်စီဖြင့် KIAအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး တောင်ယာ လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကချင် လူမျိုး ဦးမရူတူးလွမ်နှင့် ဒေါ်ဒွဲလိန်တို့ ဇနီးမောင်နှံ နှစ်ဦးအား ကချင်ဘာသာစကားဖြင့် အထက်အမိန့်အရ စစ်ဆေးရန်လာရောက် ခေါ်ဆောင်ခြင်း ဖြစ်သည်ဟုပြောဆိုကာ ကြိုးဖြင့်တုပ်၍ မိုးမောက်မြို့နယ်၊ ကျခန်းဒပ်ကျေးရွာအနီးရှိ KIA စခန်းသို့ ခေါ်ဆောင်သွားကြောင်း ခူးလီရွာသား တစ်ဦးမှ ပြောပြသည်။

“ ရွာထဲကိုဝင်လာပြီး တောင်ယာလုပ်ကိုင်နေတဲ့ လင်မယား နှစ်ယောက်ကို ကြိုးနဲ့တုပ်ပြီး ဖမ်းခေါ်သွားတာ တွေ့လိုက်ပါတယ်၊ အထက်အမိန့်အရ ခင်ဗျားတို့လင်မယားနှစ်ယောက်ကို စစ်ဆေးဖို့ လာခေါ်တာလို့ ကချင် စကားနဲ့ပြောဆိုနေတာကိုလည်း ကြားရပါတယ်၊ ရိုက်ပုတ်နှိပ်စက်တာလည်း မကြည့်ရက်စရာပါ၊ အဲဒါ အကြောင်းမဲ့ဖမ်းခေါ်သွားတာပါ၊ သူတို့ လင်မယားကရိုးရိုးသားသားနဲ့ တောင်ယာအလုပ်ကိုပဲ လုပ်ကိုင် နေကြတာပါ၊ ရွာထဲမှာလည်း အိမ်ထောင်စုတွေဆီက ရိက္ခာနဲ့ဆက်ကြေးငွေတွေတောင်းတယ်၊ ဒီကောင်တွေက ရွာထဲမှာ ဆက်ကြေးငွေ မကြာခဏလာကောက်နေတော့ ဘယ်လိုလုပ်ပြီးပေးနိုင်မှာလဲ၊ ဆက်ကြေးကောက်တာ ရက်စိပ်လာတယ်၊ သူတို့အတွက် ရိက္ခာကလည်း အမြဲတမ်းလိုနေတာပဲလေ၊ မနေ့ကလည်း ရွာက ဆန်အိတ် ၁၀ လုံးကို သယ်ဆောင်ဖို့ ရွာသား ၁၀ ယောက်ကို ဇွတ်အတင်း သယ်ခိုင်းတော့တာပဲ၊ အဲဒီရွာသားတွေလည်း အခုထက်ထိ ပြန်မရောက်ကြသေးဘူး၊ သူတို့စခန်းမှာ လူသစ်အဖြစ်အလုပ်လုပ်ခိုင်းမယ်ထင်တယ်ဗျာ၊ အခု ဖမ်းခေါ်သွားတဲ့ လင်မယား နှစ်ယောက်ကိုလည်း ဘယ်တော့မှ ပြန်လွှတ်ပေးမလဲမသိပါဘူး ” ဟု ၎င်းက ဆက်လက်ပြောပြသည်။
KIA အဖွဲ့သည် အိမ်ထောင်စုများထံမှ ရိက္ခာနဲ့ဆက်ကြေးငွေများတောင်းခံသည့်အပြင် ခူးလီကျေးရွာမှ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကချင်လူမျိုး ဦးမရူတူးလွမ်နှင့် ဒေါ်ဒွဲလိန်တို့ ဇနီးမောင်နှံ နှစ်ဦးအား ကချင်ဘာသာစကားဖြင့် အထက်အမိန့်အရ စစ်ဆေးရန်လာရောက်၍ ကြိုးတုပ်ခေါ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ဗန်းမော်မြို့ရှိ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း ဗန်းမော်မြို့ခံ တစ်ဦးမှ ပြောကြား သွားပါသည်။
နော်ဂျာ

No comments:

Post a Comment