Wednesday, November 30, 2016

KIAအဖွဲ့မှ နိုင်ငံတော်နှင့်အကျိုးတူဆောင်ရွက်နေသည့် ကျောက်စိမ်းတင်ယာဉ်များနှင့် မော်တော် ယာဉ်များထံမှ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းတွင် အတက်/အဆင်း ပြုလုပ်လျက်ရှိသည့် ကုန်တင်ယာဉ် ကြီးများ၊ ခရီးသည်တင်ယာဉ်များ၊ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေ သည့် ကျောက်စိမ်းတင်ယာဉ်များထံမှ ဆက်ကြေးငွေ များ ကောက်ခံသွား ခဲ့ကြောင်း ယင်းဒေသခံများ ထံမှသိရှိရပါသည်။ “သူတို့အဖွဲ့က ကျွန်တော်တို့ ကုန်တင်ကားတွေနဲ့ ခရီးသည်တွေတင်လာတဲ့ ကားတွေကို တားဆီးပြီး ဆက်ကြေး ငွေတွေ တောင်းသွားတယ်၊ ကျွန်တော်တို့ကုန်တင်ကား ၁ စီးကို ၃ သိန်းနဲ့ ခရီးသည်တွေ တင်လာတဲ့ကား ၁ စီး ကို ၁ သိန်းနှုန်း တောင်းတယ်၊
ကျွန်တော်တို့ကားတွေ အပြင် ကျောက်စိမ်း အရိုင်းတုံးတွေ တင်လာတဲ့ အစိုးရ ကား ၆၄ စီး ကိုလည်း တားဆီးနှောင့်ယှက်တယ်၊ သူတို့အဖွဲ့ဟာ အစိုးရတပ်လာတော့ နန့်ဟိုင်ရွာရဲ့ အနောက် ဘက်တောင်ခြေတောလမ်းအတိုင်း ထွက်သွားကြတယ်” ဟု ကုန်တင်ကားသမားတစ်ဦးမှ ပြောပါသည်။
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း အရပ်သားများအသွင်ဖြင့် သွားလာလျက်ရှိပြီး မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ဆက်ကြေးငွေ ကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရပါ သည်။ အများပြည်သူ သွားလာလျက်ရှိသည့် လမ်းများတွင်လည်း ဆက်ကြေးငွေကောက်ခံခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရတို့ အကျိုးတူလုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများတွင်လည်း ဆက်ကြေးငွေကောက် ခံခြင်း၊ မိုင်းထောင်၊ ဗုံးခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း မိုးကောင်းမြို့ခံ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
ဇော်လူ

No comments:

Post a Comment