Monday, November 28, 2016

ကျောက်စိမ်းရိုင်းတုံးများတင်ဆောင်လာသော မော်တော်ယာဉ်များအား KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကတားဆီးနှောင့်ယှက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)မှ နိုင်ငံတော်နှင့်အကျိုးတူ ကျောက်စိမ်းရိုင်းတူးဖော်နေသော ပြချက်မပါကျောက်စိမ်းရိုင်း(လုံးစွပ် ၃၄၆ ဒသမ ၂၇၆ တန်၊ အသားကျောက် ၂၈၀ ဒသမ ၉၇၆တန်၊ စုစုပေါင်း ၆၂၇ ဒသမ ၂၅၂ တန်အား မော်တော်ယာဉ် ၆၈ စီးဖြင့် နေပြည်တော်သို့ပို့ဆောင်ရန်ထွက်ခွာလာရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် နန့်ဟိုင်ကျေးရွာအနီးသို့ ရောက်ရှိစဉ် KIA အကြမ်းဖက် သောင်းကျန်း သူ များက မော်တော်ယာဉ် ၄၈ စီးအား တားဆီးထားကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက အဆိုပါနေရာသို့ သွားရောက်နယ်မြေ ရှင်းလင်းခဲ့သည်။ ကျောက်စိမ်းရိုင်းများပို့ဆောင်သည့် မော်တော်ယာဉ်များ အဆင်ပြေစွာ ဆက် လက် ထွက်ခွာနိုင်ရေး တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်းများ ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment