Thursday, November 24, 2016

KIA လက်နက်ကိုင်အဖွဲ့က ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့မှုကို တပ်မတော် ရှင်းလင်း

မူဆယ်မြို့ အရှေ့တောင်ဘက် ၁၆ မိုင်ခန့်အကွာ မော်တောင်းကျေးရွာနှင့် နမ့်အွန်ကျေးရွာကြား၊ ကောင်းခါးရွာ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့နံနက် ၉နာရီ ၄၅ မိနစ်ခန့်က KIA လက်နက်ကိုင်အဖွဲ့က တွဲကားယာဉ် များကို အတင်းအကျပ် ရပ်တန့်စေပြီး လမ်းမကြီးပေါ်တွင် ကန့်လန့်ဖြတ် ပိတ်ကာ ယာဉ်သွားလာမှုအား ပိတ်ဆို့ ထားသဖြင့် တပ်မတော် စစ်ကြောင်းက ရှင်းလင်းခဲ့ရာ ၁၀ နာရီခွဲအချိန်တွင် ရှင်းလင်းနိုင်ခဲ့ပြီး ပိတ်ဆို့နေသည့် ခရီးသည်၊ ကုန်တင်ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ KIA/TNLA/ MNDAA လက်နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးရှိ တပ်မတော်စခန်းတစ်ခုအား ယနေ့နံနက် ၆ နာရီခွဲခန့် က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment