Monday, November 28, 2016

KIA အဖွဲ့မှ ကျွဲ/နွားပိုင်ရှင်များနှင့် သစ်လုပ်ငန်းရှင်များအား ရိက္ခာနှင့် ဆက် ကြေး ငွေများ ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ကျွဲ/နွားပိုင်ရှင်များ နှင့် သစ် လုပ်ငန်း ရှင် များအား နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေး ငွေများ ပေးဆောင် ရန် ခြိမ်းခြောက်တောင်းခံသွားကြောင်း ယင်းဒေသခံများ ထံမှ သိရှိရပါသည်။ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာဝန်းကျင် တစ်ဝိုက်သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျွဲ/နွားပိုင် ရှင်များအား တစ်ကောင်လျင် ငွေ ၅၀၀၀ကျပ်နှုန်းဖြင့် ကျွဲ ၁၅ ကောင်၊ နွား ၃၃ ကောင်၊ စုစုပေါင်း ကျွဲ/နွား ၄၈ ကောင်အတွက် ဆက်ကြေး ငွေ ၂၄၀၀၀၀ ကျပ်နှင့် သစ်လုပ်ငန်းရှင်များအား တစ်ဦးလျှင် ဆန် ၁၀ အိတ် နှုန်း ဖြင့် လုပ်ငန်းရှင် ၁၀ ဦးအတွက် ဆန်အိတ် ၁၀၀ အား ဆက်ကြေးအဖြစ် ပေးဆောင် ရန် ခြိမ်းခြောက် တောင်းခံ သွားကြောင်း နွားပိုင်ရှင်အမျိုးသမီး တစ်ဦးမှ ပြောပြသည်။

“ ကျွန်မတို့က လယ်ယာလုပ်ငန်းနားချိန်လေးမှာ ကျွဲ/နွားတွေကို လွှတ် ကျောင်း နေတာပါ၊ KIA အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ပြီး ကျွဲ/နွားတွေကို ခင်ဗျားတို့ တရုတ်နိုင်ငံကိုရောင်းစားဖို့စုနေတယ်၊ မှောင်ခိုကူးနေတယ်လို့ စွပ်စွဲတယ်၊ မဟုတ်ပါဘူးလို့ပြောလည်း လက်မခံဘူး၊ ဆက်ကြေးငွေ ဇွတ်တောင်းတော့ တာပဲ၊ သူတို့တောင်းတဲ့အတိုင်း ဆက်ကြေးငွေမပေးနိုင်ရင် ကျွဲ/နွားတွေကို သိမ်းမယ်လို့ခြိမ်းခြောက်တယ်၊ ဒီကျွဲ/နွားတွေက ကျွန်မတို့ တောင်သူတွေ အတွက် မရှိမဖြစ်ဘူးလေ၊ ဒါကြောင့် သူတို့တောင်းတဲ့ဆက်ကြေးငွေကို ပေးခဲ့ရတယ် ” ဟု ၎င်း က ဆက်လက်ပြောပြသည်။
“ ရွာထဲကို KIAအဖွဲ့တစ်ဖွဲ့ရောက်လာပြီး သစ်လုပ်ငန်းရှင်တွေကိုခေါ် တွေ့ တယ်၊ သစ်လုပ်ငန်းရှင် ၁၀ ယောက် ရှိတယ်၊ သူတို့စခန်းမှာ ရိက္ခာပြတ်နေလို့ ဆိုပြီး တစ်ယောက်ကို ဆန် ၁၀ အိတ်တောင်းတယ်၊ တောင်းတာ မပေးရင် ချိန်းဆောတွေ၊ သစ်တင်ယာဉ်တွေကို သိမ်းမယ်လို့ခြိမ်းခြောက်တယ်၊ ဒါဟာ သက်သက် လူပါးဝတာ ပါ၊ ကျွန်တော်တို့မှာ အလုပ်သမားကြေးပေးရတယ်၊ လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ရတာဆိုတော့ အဆင်မပြေဘူး ပြောလည်း လက်မခံဘူး၊ ပစ္စည်းတွေကိုသိမ်း၊ လူကိုဖမ်းလုပ်မှာစိုးလို့ ဆန် အိတ်တွေ ပေးလိုက်ရ ပါတယ် ” ဟု သစ်လုပ်ငန်းရှင် တစ်ဦးမှ ပြောပြသည်။ KIA အဖွဲ့သည် ကျွဲ/နွားပိုင်ရှင်များနှင့် သစ်လုပ်ငန်းရှင် များထံမှ ရိက္ခာနှင့် ဆက်ကြေးငွေများ ပေးဆောင်ရန် ခြိမ်း ခြောက်တောင်းခံသည့်အပြင် ဒေသခံ ရွာသားများ ကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟု စွပ်စွဲကာ လူသစ် အဖြစ် ဖမ်းဆီးခြင်း၊ ဆက်ကြေးငွေကောက်ခံ ခြင်းများ ပြုလုပ်နေ ကြောင်း သိရသည်။
နော်ဂျာ

No comments:

Post a Comment