Tuesday, November 22, 2016

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က မူဆယ်မြို့မ ရဲစခန်းသို့ နှောင့်ယှက်ပစ်ခတ်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ မူဆယ်မြို့နယ်၊ မြို့မရဲစခန်းအား နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီခန့်တွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ပါဂျဲရိုးယာဉ် ၁ စီး၊ ဆိုင်ကယ် ၄ စီး တို့ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် အဝေးမှ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ရာ ကင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရန်သူမှာ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ြ ဖစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment