Sunday, November 20, 2016

Kira Kira အစီအစဉ်အတွက် ဒီဇင်ဘာမှာ ဂျပန်ထပ်သွားမယ့် မိုးစက်ဝိုင်


ဂျပန်နိုင်ငံတွင် ရိုက်ကူး သည့် Kira Kira Japan တီဗီအစီအစဉ်အတွက် ဂျပန်နိုင်ငံသို့ ဒီဇင်ဘာအတွင်း ထပ်မံသွားရောက်ရန် အစီအစဉ်ရှိကြောင်း မိုးစက်ဝိုင်က ပြောသည်။ ‘‘ဂျပန်အစိုးရက ဘတ်ဂျက် ထုတ်ပေးပြီး ရိုက်ကူးတာပါ။ ဂျပန်နိုင်ငံရဲ့ Culture ကို လေ့လာမယ်။ နောက်ပြီး ဂျပန်နဲ့ မြန်မာကြားမှာ Tourism ကို မြှင့်တင်ပေးချင်တဲ့ အတွက် စီစဉ်ရိုက်ကူးတဲ့ တီဗီပရို ဂရမ်လေးပါ။ မိုးစက်က Amazing Cities လည်း ရိုက်ထားတယ်။ မြန်မာပြည်အကြောင်းကိုလည်း ယှဉ်ပြီးပြောပြနိုင်တဲ့အတွက် သွား ရောက်ရိုက်ကူးဖြစ်တာပါ’’ဟု မိုး စက်ဝိုင်က ပြောသည်။ အဆိုပါ အစီအစဉ်အတွက် ဂျပန်နိုင်ငံတွင် သုံးကြိမ်သွား ရောက်ရိုက်ကူးရမည်ဖြစ်ပြီး လက် ရှိအချိန်အထိ နှစ်ကြိမ် သွားရောက် ထားကာ နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာအတွင်း သွားရောက်ရိုက် ကူးရမည်ဟု ဆိုသည်။


‘‘ကွာခြားမှုကတော့ အများ ကြီးပါပဲ။ ဟိုဘက်မှာက ဟိုတယ် အစီအစဉ် လမ်းပန်းဆက်သွယ် ရေးကအစ အဆင်ပြေတယ်။ မိုး စက်တို့ Amazing Cities ရိုက်တဲ့ အခါမှာ ရိုက်ကွက်တွေနည်းပြီး သွားရလာရတာနဲ့ အချိန်ကုန်တယ်။ တော်တော်လည်း သွားရတာခက် ခဲတယ်။ နောက်ပြီးရောက်တဲ့နေ ရာတွေကလည်း ခရီးသွားတွေအ တွက် နေရာမရှိတာတွေဖြစ် တယ်’’ဟု မိုးစက်ဝိုင်ကပြောသည်။
လာမည့် နှစ်ဆန်းပိုင်းတွင် နေတိုး၊ ရွှေထူးတို့နှင့် ပက်ပက် စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် အလုပ်ဆက်လက်လုပ်ဖြစ်၊ မဖြစ် အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက် ကူးပြီးချိန်တွင် ဆုံးဖြတ်သွားမည် ဟု ဆိုသည်။
‘‘ပြင်ဆင်မှုကတော့ ကိုသား ညီကတော့ အရမ်းစိတ်မပူနဲ့။ သူ လည်း Training ပေးမယ်။ မိုးစက် ကလည်း ကိုသားညီကို ယုံပါ တယ်။ နောက်ပြီး အရှေ့မှာရိုက်ခဲ့ တဲ့ သတ္တိရှိရင် လောင်းမလားရုပ် ရှင်မှာလည်း ဦးမိုးဦး(ဒါရိုက်တာ ကျော်ဇောလင်း)က သင်ကြားပေး ထားတာဆိုတော့ အရမ်းကြီးတော့ မစိမ်းတော့ဘူးပေါ့’’ဟု သရုပ် ဆောင်နှင့်ပတ်သက်၍ ၎င်းက ပြောသည်။
7 Day

No comments:

Post a Comment