Sunday, November 20, 2016

KOICA က ဒေါ်လာ ၁၁ သန်းခွဲ အကုန်ကျခံ၍ ဆရာအတတ်သင်ကျောင်း တည်ဆောက်မည်


သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (ဗဟန်း) နယ်မြေ၌ ဆရာအတတ်သင် ကျောင်း တည်ဆောက်ရန် အမေ ရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း အသုံးပြုမည်ဟု KOICA Myan-mar မှ သတင်းရရှိသည်။ ဆရာအတတ်သင်ကျောင်း တည်ဆောက်ရန် ၂၀၁၅ က တည်းက ပညာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ကြပြီး တရားဝင် ဖွင့် လှစ်မှုကို ၂၀၁၉ အကုန်၌ လုပ်ဆောင်နိုင်မည်ဟု KOICA Myan-mar မှ သတင်းရရှိသည်။ ‘‘ဆရာအတတ်သင်ကျောင်း တွေက ကျောင်းသား၊ ကျောင်းသူ တွေကို သင်ကြားပေးဖို့ အဓိက ရည်ရွယ်ပါတယ်။ ပထမအစပိုင်း မှာတော့ ကိုရီးယားပညာရှင်တွေ လာသင်မယ်။ နောက်ပိုင်းမှာ တော့ မြန်မာအစိုးရကို လွှဲခဲ့မှာပါ။ ကွန်ပျူတာတင်မကဘူး။ စက်မှု၊ လက်မှုအသက်မွေးဝမ်းကျောင်း တွေလည်း ပါပါတယ်’’ဟု KOICA Myanmar ဒုတိယဌာနေကိုယ် စားလှယ် Ms.Chun Jiheh က ပြောကြားသည်။



သုတေသနစင်တာများ ပါဝင်သော ဆရာအတတ်သင်ကျောင်းတည် ဆောက်ရန်နှင့် အသေးစိတ်အချက်အလက်များကို ပညာရေးဝန်ကြီးဌာနနှင့် KOICA Myanmarတို့အကြား ဆွေးနွေးမှုများ ပြုလုပ်နေသည်။ ‘‘လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သတင်း အချက်အလက်နည်းပညာတက္ကသိုလ်နယ်မြေမှာ ဆရာအတတ်သင်ကျောင်းဖွင့်လှစ်ဖို့ ဆန္ဒရှိပါတယ်။ ဒီကနေတစ်ဆင့် လူတော်တွေကို မွေးထုတ်ပေးနိုင်ဖို့တောင်းဆိုချင်ပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်  မစ္စတာ Yoo Jae-Kyung က ပြောသည်။ အဆိုပါတက္ကသိုလ်ကို လှိုင် တက္ကသိုလ်နယ်မြေသို့ ပြောင်းရွှေ့ ရန် စီစဉ်ထား၍ ဆရာအတတ်သင် ကျောင်းကို တက္ကသိုလ်နယ်မြေ အတွင်း ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနနှင့် KOICA Myanmar  အကြား    ဆွေးနွေးမှုများရှိနိုင်ကြောင်းယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြောသည် မြင့်ကျော်လှိုင်

No comments:

Post a Comment