Sunday, November 20, 2016

ဓနုဖြူမြို့ အနီး Light Ace ယာဉ် လမ်းဘေးသစ်ပင်အား တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ ဟင်္သာတ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈/၃-၄)ကြား၌ ရန်ကုန်ဘက်သို့ တောင်ဒဂုံမြို့နယ်နေ အောင်ဇော်ဖြိုး (၂၉)နှစ်မောင်းနှင်လာ သည့် 3M/×××× Light Ace အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။  ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ဒလမြို့နယ်နေ မရတနာဝင်း(၃၅)နှစ်ပါ (၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အောင်ဇော်ဖြိုးအား ဓနုဖြူမြို့မ ရဲစခန်း ယာဉ်(ပ)၅၆ /၂၀၁၆၊  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

No comments:

Post a Comment