Saturday, November 26, 2016

အသေးစား ဖေါက်ခွဲမှုတွေမှာ သုံးတဲ့ M-150 အချိုရည်ပုလင်းတွေ ဈေးကွက်ထဲမှာ ပုံမှန်ရောင်း

ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ အသေးစားပေါက်ကွဲမှုတွေမှာ အသုံးပြုခဲ့တဲ့ M-150 အချိုရည်ပုလင်း တွေဟာ ဈေးကွက်ထဲမှာ ပုံမှန်ရောင်းချနေပါတယ်။ မရမ်းကုန်း အိုးရှင်းစင်တာ၊ သာကေတ Capital Hypermarket နဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ ဖောက်ခွဲမှုတွေမှာ ဒီအချိုရည်ပုလင်းတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ခုလတ်တလော အသေးစား ဖောက်ခွဲမှုတွေမှာ အသုံးပြုခဲ့လို့ နာမည်ကြီးနေတဲ့ ဒီအချိုရည်ကို ဈေးကွက်ထဲမှာ ထူးထူးခြားခြား ရိုက်ခတ်တာမျိုး မရှိဘူးလို့ အချိုရည်တွေဖြန့်ချိတဲ့ ဈေးသည်တချို့ရဲ့ ပြောစကားတွေအရ သိရပါတယ်။ ဒီအချိုရည်တွေရဲ့ ပုံမှန်ဈေးကွက်ဟာ အရင်ကရော ခုလက်ရှိအချိန်မှာပါ ရောင်းလိုအား ၀ယ်လိုအား ပုံမှန် အနေအထားသာရှိတယ်လို့သိရပါတယ်။

No comments:

Post a Comment