Wednesday, November 30, 2016

လေဆိပ်တွင် သိမ်းဆည်းရမိသည့် M-150 ပုလင်းများမှာ လိမ်းဆေးများသာဖြစ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ယနေ့မနက်ပိုင်းက သိမ်းဆည်းရမိခဲ့သည့် M-150 ပုလင်းများမှာ ပေါက်ကွဲ စေသည့် ဓာတုပစ္စည်းများမပါဝင်ဘဲ အဆီတစ်မျိုးနှင့် ဖော်စပ်ထာသည့် တိုင်းရင်းဆေးဟုယူဆရသော အဝါရောင်အပျစ် လိမ်းဆေး အရည်များသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ Terminal 1 ဂိတ်အမှတ် ၃ ဝင်ပေါက် ဘန်ကောက်အဲဝေးကောင်တာ အလယ်ဆင့်တွင် အစိမ်းရောင်အိတ်ဖြင့် ထည့်ထားသည့် M-150 အချိုရည်ပုလင်း လေးလုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လေဆိပ်တာဝန်ကျ အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ သွားရောက်ရှင်းလင်းခဲ့ကာ ပုလင်းအတွင်းအရည်များအား ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း M-150 ပုလင်းများဖြင့် ပေါက်ကွဲမှုများ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အပါအဝင် လေးနေရာတွင်ဖြစ်ပွားခဲ့ရာ သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး မည်သူဖြစ်သည်၊ မည်သည့် အဖွဲ့အစည်းနှင့် ပတ်သက်သည်ဆိုသည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

No comments:

Post a Comment