Tuesday, November 29, 2016

ကမ္ဘာ့နံပါတ် (၁) ဒီဂျေ Martin Garrix ပါဝင်ဖျော်ဖြေမည့် New Year Countdown AVA Music Festival ကို နိုင်ငံတကာအဆင့်မီ ဖျော်ဖြေပွဲတစ်ခုအဖြစ် တင်ဆက်မည်

ကမ္ဘာ့နံပါတ်(၁) ဒီဂျေတစ်ဦးဖြစ်သည့် Martin Garrix ပါဝင်ဖျော်ဖြေမည့် New Year Countdown AVA Music Festival ကို နိုင်ငံတကာအဆင့်မီ ဖျော်ဖြေပွဲတစ်ခုအဖြစ် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ AVA Music Festival ကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှ စတင်ကာ ရန်ကုန်မြို့ သုဝဏ္ဏရှိ The One Entertainmeant Park ၌ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ နယူးရီးယား အကြိုအဖြစ် ပြုလုပ်မည့် AVA Music Festival တွင် ကမ္ဘာ့အဆင့်တစ် ဒီဂျေပညာရှင်တစ်ဦးဖြစ်သော Martin Garrix ပါဝင်ဖျော်ဖြေသွားမည်ဟု ကြေညာထားခြင်းဖြစ်သည်။ြ မန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် ကမ္ဘာ့နံပါတ်တစ် ဒီဂျေပညာရှင် Martin Garrix သည် နယ်သာလန်နိုင်ငံမှ အသက် ၂၀ အရွယ် လူငယ်ဒီဂျေပညာရှင် တစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဒီဂျေလောကသို့ စတင်ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ပြီး အချိန်တိုအတွင်းမှာပင် ပရိသတ် အားပေးလက်ခံမှု ရရှိခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ဒီဂျေမဂ္ဂဇင်း၏ Top 100 ဒီဂျေပညာရှင်များ စာရင်းတွင် စတင်ပါဝင်လာခဲ့ပြီး လက်ရှိတွင် ဒီဂျေမဂ္ဂဇင်းမှ ပေးအပ်သည့် နံပါတ်တစ်နေရာကို ရောက်ရှိနေသူ တစ်ဦးလည်း ဖြစ်သည်။




“၂၀၁၇ ကို ကြိုဆိုမယ့် နယူးရီးယား အကြိုညမှာ မြန်မာပရိသတ်တွေအနေနဲ့ နိုင်ငံတကာမှာ ကျင်းပနေတဲ့ EDM ပွဲတွေရဲ့ အရသာ အစစ်အတိုင်းကို ခံစားပြီး ပါဝင်ဆင်နွှဲနိုင်အောင် ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ဒီပွဲကို လာရောက်ဖျော်ဖြေမယ့် Martin Garrix ကလည်း လက်ရှိကမ္ဘာ့နံပါတ်တစ် ဒီဂျေတစ်ဦးဖြစ်တဲ့အတွက် ဖျော်ဖြေတင်ဆက်မှုတွေ အားလုံးကလည်း ကမ္ဘာ့အဆင့် တင်ဆက်မှုတွေဖြစ်မှာပါ။ စတေ့ခ်ျဒီဇိုင်းတွေ၊ Lighting တွေ အားလုံးကိုလည်း နိုင်ငံတကာမှာ ကျင်းပတဲ့ပွဲအတိုင်းပဲဖြစ်အောင် စီစဉ်သွားမှာပါ” ဟု ယင်း ဖျော်ဖြေပွဲအား စီစဉ်သည့် Inspire Myanmar မှ ကိုကျော်သူဦးက ဆိုသည်။

နှစ်သစ်အကြိုပွဲတွင် လာရောက်ဖျော်ဖြေမည့် Martin Garrix သည် ဒီဂျေမဂ္ဂဇင်းမှ ရွေးချယ်သည့် နံပါတ်တစ်နေရာ ရရှိသူများအနက် အသက်အငယ်ဆုံး ဒီဂျေပညာရှင် တစ်ဦးလည်းဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလအတွင်း Best Electronic Art ၊ Best World Stage Performance ဆုများအပါအ၀င် အခြားဆုများကိုလည်း ရရှိထားသူဖြစ်သည်။ Martin Garrix သည် ယခုနှစ်အတွင်းတွင် World Tour ဖျော်ဖြေပွဲများအဖြစ် အိန္ဒိယ၊ ဆွစ်ဇာလန်၊ ပိုလန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊  စင်ကာပူ၊ အမေရိကန် စသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့၌ ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။            
Writer:
လင်းလင်းခိုင်

No comments:

Post a Comment