Saturday, November 19, 2016

လူငယ်တွေ အကြိုက်တွေ့စေမယ့် အမိုးဖွင့်ကားငယ် Mazda MX5RF 2017 Model

ယခုတစ်ပတ် ရန်ကုန်တိုင်းမ် ပရိသတ်ကြီးအတွက် Mazda က ထုတ်တဲ့ 2017 model Mazda MX-5 RF တံခါးနှစ်ပေါက် ကားငယ်လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ Brand New Mazda ကားတွေ ဈေး ကွက်ရနေပြီး Show room နဲ့ Service center  ပါရှိနေတာကြောင့် ပြုပြင်ထိန်းသိမ်းမှုနဲ့ အပိုပစ္စည်းမှာတော့ စိတ်ပူစရာမရှိပါဘူး။ ဒီတစ် ပတ်ဖော်ပြပေးမယ့် MX-5 RF Coupe  ကတော့ လူငယ်တွေ ပိုပြီးနှစ် သက်မယ်ထင်ပါတယ်။ တံခါးနှစ်ပေါက်ဖြစ်ပြီး အမိုးဖွင့်ကားငယ်ဖြစ်ရုံမက အင်ဂျင်ပါဝါလည်းသိပ်မကြီးတဲ့ကားဖြစ်တာကြောင့် လူငယ်တွေအကြိုက်တွေ့စေမှာအမှန်ပါပဲ။
K-Series အနေနဲ့ Mazda က ၂ဝ၁၆ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ တာဖြစ်ပြီး Body Type ကတော့ 2D Roadster ဖြစ်ပါတယ်။ အမြင့်ဆုံးလည်အား (Maximum Torque) ကတော့ 150Nm/ 4800rpm ဖြစ်ပြီး အင်ဂျင်ရဲ့အမြင့်ဆုံးစွမ်းအားMaximum Power  ကတော့ 96kw@ 7000rpm  ဖြစ်ကာ ကွာခြားချက်နှုန်းထား (Compre-  ssion Ratio ကတော့ 13 ဖြစ်ပြီး Variable Double Overhead Cam Gear  စနစ်ကိုအသုံးပြုထားပါတယ်။ ကားကတော့ ပြိုင်ကားထုံးစံ အတိုင်း လက်ထိုး၊ Manual ဂီယာခြောက်ချက်(Six speed manual Gear) ဖြစ်ပါတယ်။ ကားရဲ့  Driving Type ကတော့ နောက်ဘီးယာဉ် စနစ်(Rear Wheel Drive) ဖြစ်ပြီး ဆီစားနှုန်းကတော့ 6.1L/ 100km  ဖြစ်တာကြောင့် ဆီစားအတော်သက်သာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အတိုင်းအတာတွေကတော့ အလေး ချိန်(Kerb weight) 1032kg အလျား 3915mm, အကျယ် 1735mm, အမြင့် 1225mm  နဲ့ မြေပြင်ကင်းလွတ်အကွာအဝေး Ground Clearance 140mm အသီးသီးရှိပါတယ်။

ကားရဲ့အသုံးပြုထားတဲ့ တာယာအရွယ်အစားကတော့ 195/ 50R16  ဆိုဒ်ဖြစ်ပြီး wheel base  ကတော့ 2310mm ဖြစ်ပါတယ်။ ဂရိတ်စနစ်ကတော့ ရှေ့ပိုင်းမှာ DISC VENTILATED စနစ်နဲ့ နောက်ပိုင်းမှာ Disc Break စနစ်ကို သုံးထားပါတယ်။ ကားရဲ့ဆိုင်း ထိန်းစနစ်မှာတော့ ရှေ့ပိုင်းမှာ Double Wishbone နဲ့ နောက်ပိုင်း ဆိုင်းထိန်းစနစ်မှာတော့ Multi Link System များတပ်ဆင်ပြီး Coil spring, Gas Demper နဲ့ Anti Rollbar စနစ်များ တပ်ဆင်ပေးထား ပါတယ်။ ကားရဲ့ဘီးခွေဟာ 16inch Alloy Wheel  ဖြစ်ပြီး အလျင်မြန်ဆုံးနဲ့ ဘေးကင်းလုံခြုံစွာဖြင့် မော်တော်ယာဉ်ကို အမြန်ဆုံးရပ်တန့်သွားစေ နိုင်မယ့် Electronic Brake Force Distribution EDB စနစ်၊ တောင် တက်လမ်းများတွင် အသုံးပြုနိုင်တဲ့ Hill Holder  နဲ့ Traction Control System စနစ်များ ပါဝင်ပါတယ်။ ယာဉ်မောင်းသူအတွက် ရရှိနိုင်မယ့် ဝန်ဆောင်မှုများကတော့ Cruise Control စနစ် Mobile Phone Comectivity, Power Steering နဲ့ Trip Computer စနစ်များပဲ ဖြစ်ပါတယ်။
ကားရဲ့အတွင်းခန်းမှာတော့ လယ်သာနဲ့အလှဆင်ထားပါတယ်။ ကားမောင်းနှင်နေစဉ်မှာပဲ ကြာမြင့်ချိန် ၁၃စက္ကန့်အတွင်း ကင်းဘတ်အမိုးကို ပိတ်နိုင်ဖွင့်နိုင်ပါတယ်။ အသံစနစ်ကတော့ စပီကာခြောက်လုံး တပ်ဆင်ပေး ထားကာ လုံခြုံရေးအတွင်း Dual Front Airbas Package, Anti-lock Bracing  စနစ် Side Airbag, Central locking Remde Control စနစ်နဲ့ Engine Immobiliser မစနစ်များပါဝင်ပါတယ်။ မျက်နှာပြင် 4.6 inch TFT Screen TV နဲ့ သတင်းအချက်အလက် တွေမျှဝေနိုင်ပြီး ထိုင်ခုံတွေဟာစတိုင်ကျတဲ့ Sport Type ထိုင်ခုံများ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ လုံးဝခွဲထွက်နိုင်ပြီး သေသပ်ကာ စတိုင်ကျ တယ်လို့ လေ့လာသူများရဲ့ မှတ်ချက်ပြုထားခြင်းခံရပါတယ်။ Caradvice .com ရဲ့ပေးမှတ် ၁ဝမှတ်မှာ ရှစ်မှတ်ရရှိထားပါတယ်။ ဈေးနှုန်းကတော့ သြစတြေးလျဒေါ်လာ ၃၈ဝဝဝကျော်ဖြစ်ပါကြောင်း။


ကိုဇော်

No comments:

Post a Comment