Sunday, November 27, 2016

"Miss Universe Myanmar Organization နဲ့ စာချုပ် မချုပ်ဘူးဆိုတာက နောက်ထပ် ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ချင်သေးတဲ့ အတွက်ပါ" အလှမယ် ခင်လပြည့်ဇော်

Miss Universe Myanmar 2017 အလှမယ်ပြိုင်ပွဲတွင် 4th Runner Up ဆုတံဆိပ်ကိုရရှိခဲ့ပြီး ယခုအခါတွင် Miss Universe Myanmar Organization  နှင့် စာချုပ်မချုပ်ခြင်းနှင့်ပတ်သက်ပြီး ဝေဖန်မှု များအပေါ် ပြန်လည်ရှင်းလင်းပြောပြလာတဲ့ အလှမယ် ခင်လပြည့်ဇော် ...။ ''ညီမ Miss Universe Myanmar Organization နဲ့ စာချုပ်မချုပ်ဘူးဆိုတာက ညီမနောက်ထပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ချင်သေးတဲ့အတွက်ပါ။ အဲဒီတော့ ညီမက Organization  တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစိုးယုဝေကိုတွေ့ဆုံပြီးတော့ ညှိနှိုင်းခဲ့ပါတယ်။



အရင်ကတည်းက Top 5  ပြိုင်ပွဲဝင်တွေအနေနဲ့ Organization နဲ့ စာချုပ်ချုပ်ရမယ်လို့ပြောထားပေမယ့်လည်း စာချုပ်က မချုပ်ချင်လည်း မချုပ်လို့ရတယ်လို့လည်းပြောထားတာလည်းရှိပါတယ်။ အဲဒါကြောင့် ညီမနဲ့ မစိုးယုဝေနဲ့ ညှိနှိုင်းလိုက်တဲ့အချိန်မှာ Organization ဘက်က မစိုးယုဝေကလည်း လက်ခံပါတယ်။ စာချုပ်မချုပ် ချင်လည်း မချုပ်လို့ရတယ်။ အခုလို မျိုးပွင့်ပွင့်လင်းလင်းပြောလာတာကို သဘောကျတယ်။ နောက် ထပ် ညီမပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွေအတွက် အကူအညီလိုအပ်တာပဲဖြစ်ဖြစ် အကြံဥာဏ်တောင်းတာမျိုးပဲ ဖြစ်ဖြစ် တခြားအကူအညီပဲဖြစ်ဖြစ် သူတို့ဘက်က တတ်နိုင်သလာက် ပေးပါမယ်။ ပြီးတော့ Miss Universe Myanmar Organization နဲ့လည်း ညီမစာချုပ်မချုပ်ထားပေမယ့် ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ ညှိနှိုင်းမှုတွေနဲ့ အဆင်ပြေခဲ့ပါတယ်။



ညီမ အခုအချိန်အထိ Organization နဲ့အဆက်အသွယ်ရှိပါတယ်။ အဲဒီ တော့ Organization ဘက်ကနေပြီးတော့ အလှမယ်ငါးယောက်ကို စာချုပ်ချုပ်မှာဖြစ်တဲ့အတွက် နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကိုရွေး ချယ်ပြီးတော့ စာချုပ်ချုပ်လိုက်တာပါ။ အဲဒီပြိုင်ပွဲဝင်နဲ့ စာချုပ်ချုပ် လိုက်တဲ့အတွက် ညီမရဲ့ 4th Runner Up ဆုတံဆိပ်ကိုပေးလိုက်ရတာ မဟုတ်သလို ညီမကလည်း ဆုတွေကိုမလိုချင်တော့ဘူးဆိုပြီးတော့ ပြန် အပ်တာမျိုးမဟုတ်ပါဘူး။ ညီမနေရာအတွက် နောက်ထပ်ပြိုင်ပွဲကို အစားထိုးတာမျိုးလည်းမဟုတ်ပါဘူး။ အားလုံးကအထင်လွဲပြီးတော့ ဝေဖန်ပြောဆိုနေကြတာပါ။ ညီမက အရင်ဆုအတိုင်းပဲ ညီမရှိနေပါတယ်''။

NN

No comments:

Post a Comment