Sunday, November 27, 2016

ဒစ္စနေး ရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူးသော Moana ကာတွန်းရုပ်ရှင် ပထမဆုံးပြသသည့် နေ့တွင် ဝင်ငွေ ၁၅ ဒသမ ၇ သန်း ကျော် စံချိန်တင် ရရှိ

အမေရိကန်နိုင်ငံတွင် Thanks giving  ပွဲတော်အကြိုနေ့၌ စတင် ရုံတင်ပြသခဲ့သော Moana ကာတွန်း ရုပ်ရှင်ဇာတ်ကားသည် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်တွင် ရုံတင်ပြသခဲ့သော Frozen ကာတွန်းရုပ်ရှင် စံချိန်တင် ရရှိခဲ့သော ဒေါ်လာ ၁၅ ဒသမ ၂  သန်းစံချိန်ကိုဖြတ်ကျော်၍ ဒေါ်လာ ၁၅ ဒသမ ၇ သန်းကျော်ဖြင့် ရုံတင် ဝင်ငွေစံချိန်အသစ်တင်ခဲ့သည်။ အန်နီမေးရှင်းကာတွန်းရုပ်ရှင် Frozen သည် ပထမဆုံးရုံတင်ပြသ ခဲ့သည့် ငါးရက်အတွင်း ဒေါ်လာ ၉၃ ဒသမ ၅ သန်းအထိရရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၆ နိုဝင်ဘာလကုန်တွင် ရုံတင်ပြသခဲ့သော Moana ကာတွန်းရုပ်ရှင်ဇာတ်ကားမှာ ပထမ ဆုံးငါးရက်အတွင်း ဒေါ်လာ ၉၄ သန်းအထိ ရရှိနိုင်ကြောင်း ဟောလိ ဝုဒ်ရုပ်ရှင်လောကမှ ခန့်မှန်းထား သည်။ တောင်ပိုင်းပင်လယ်မိန်းက လေး Moana  သည် သူမ၏ဇာတိမြေ ကိုကာကွယ်ရန် မှော်ကျောက်လုံးရှာ ဖွေသည့်  စိတ်ဝင်စားဖွယ်ကာတွန်း ဇာတ်လမ်းဖြစ်သည်။  Moana အဖြစ် အသံသရုပ် ဆောင် Auli'i Cravalho ကပါဝင် ခဲ့ပြီး လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း Maui အဖြစ် ဟောလိဝုဒ်အက်ရှင် မင်းသား Dwayne Johnson  က အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ သည်။





Moana အဖြစ် အသံသရုပ် ဆောင်သည့် မိန်းကလေးကို ရုပ်ရှင် ထုတ်လုပ်သူများက ပစိဖိတ်ဒေသ တွင်သွားရောက်ရှာဖွေခဲ့ပြီး မိန်းက လေး ၁ဝဝ ခန့်ကို လူတွေ့စစ်ဆေးခဲ့သည်။  ထို့နောက် ဒါရိုက်တာ Rachel Sutton u Auli'i  ကို ဒေသပရဟိတ သီချင်းဆိုပွဲတွင်တွေ့ဆုံခဲ့ပြီး အသံသရုပ်ဆောင်အဖြစ် Moan ရုပ်ရှင် တွင် ပါဝင်ရန်ကမ်းလှမ်းခဲ့သည်။ ဟာဝိုင်ယီကျွန်းစုရှိ Mililani မြို့တွင် နေထိုင်သော (၁၆) နှစ်အရွယ် Auli'i Cravalho သည် ပထမဆုံးအသံ သရုပ်ဆောင်အဖြစ် ဟောလိဝုဒ်ရုပ် ရှင်လောကသို့ ရောက်ရှိခဲ့သည်။ ဒီ ဇင်ဘာ ၂ ရက်တွင် UK ၌ Moana ရုပ်ရှင် စတင်ရုံတင်ပြသမည်ဟု သိ ရသည်။  

Ref: Daily Mail

No comments:

Post a Comment