Tuesday, November 22, 2016

Myanmar Net အင်တာနက် အသုံးပြုသူ ၁ သိန်းပြည့် အခမ်းအနား

Myanmar Net ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းက အင်တာနက်သုံးစွဲသူ ၁ သိန်းပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို Myanmar Net အင်တာနက်သုံးစွဲသူ Customer များ တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်ပြီး ဝန်ဆောင်မှုပေးမယ့် အစီအစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ Myanmar Net က လစဉ်ကြေး ၁၆၀၀၀ ကျပ်မှ စတင်ပြီး ရောင်းချပေးနေတာဖြစ်ပြီး ရန်ကုန်မြို့မှာဆိုရင် ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်နဲ့ လသာမြို့နယ်များ၊ Myanmar Plaza အပါအဝင် ရန်ကင်းမြို့နယ် နေရာတချို့နဲ့ ကွန်ဒိုအိမ်ရာ အများအပြားမှာ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ Myanmar Net စက်ကို အိမ်တွင်းသုံး စက်များနဲ့ဆိုရင် ဖုန်း၊ ကွန်ပျူတာများနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို အိမ်အပြင်တွင်လည်း လစဉ်သုံး အင်တာနက်ကို ဖုန်းထဲမှာထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment