Monday, November 21, 2016

NCA နှင့် လက်တစ်လုံးခြား အခွင့်အရေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရတို့ကြား သဘောတူ လက် မှတ်ရေးထိုးခဲ့ကြသည်။ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကို ဖိတ် ခေါ်ခဲ့သော်လည်း ရှစ်ဖွဲ့နှင့်သာ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် မပြည့်စုံသေးသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ဟု ပြောဆိုသံများလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ အဘယ်ကြောင့် ၁၅ ဖွဲ့အနက် ရှစ်ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ သနည်းဆိုသည့်အပေါ် လူထုမှ မေးခွန်း ထုတ်ခဲ့ကြသည်။ လက်မှတ် မရေးထိုးသေး သည့် ခုနစ်ဖွဲ့ထဲမှ 'ဝ'ပြည် သွေးစည်း ညီ ညွတ်ရေးပါတီ UWSA/UWSP, မိုင်းလား အဖွဲ့ NDAA တို့က တပ်မတော်နှင့် ၄င်း တို့ကြား ၂၇ နှစ်ကျော်(ယနေ့)အချိန်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် NCA ကိုထိုးရန် မလိုတော့ဟု ဆိုကာ ကျန်ခဲ့သည်။



အလားတူ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K မှ အဖွဲ့အတွင်း နိုင်ငံရေးပြဿနာများ အနည်းအငယ် ရှိနေခြင်းကြောင့် NCA လက်မှတ် မရေးထိုးနိုင်သေးကြောင်း၊ ကျန် KIA, NMSP, KNPP, SSPP/SSA တို့မှာ TNLA, MNDAA, AA တို့ကို ပါဝင်ခွင့် မပြုခြင်းကြောင့် ကျန်နေခဲ့ကြခြင်း ဖြစ် သည်။ ထို့ကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ၁၅ (ဝါ) ၂၁ ဆိုသည့် ကိန်းဂဏန်းတစ်ခုမှာ လွန် ဆွဲပွဲတစ်ရပ်ဖြစ်လာခဲ့ပြီးနောက် RCSS/SSA, KNU, DKBA, KNU/KNLA- PC, ABSDF, PNLO, ALP, CNF စသည့် လက်နက်ကိုင် ရှစ်ဖွဲ့ဖြင့်သာ NCA လက်မှတ်ထိုးပွဲ ကျင်းပခဲ့ကြရသည်။

သို့သော် NCA စာချုပ်ကို ၂ဝ၁၄ ခုနှစ်၌ စတင်အကောင်အထည် ဖော်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့သည် ဃြဗ စာချုပ်ကို အချောသတ်သည့်အချိန်ထိ ပါဝင်ခဲ့ခြင်းကြောင့် ထိုသူများသည် စာချုပ်ကိုသဘောတူ လက်ခံထားသည်ဟု မှတ်ယူနိုင်သည်။

ယခု NCA စာချုပ်မှာ ပါဝင် လက်မှတ်မရေးထိုးခြင်းက စာချုပ်ကို သ ဘောမတူခြင်းကြောင့် မဟုတ်ဘဲ ၁၅ (ဝါ) ၂၁ ဆိုသည့် ကိန်းဂဏန်းတစ်ခု၏ လွန်ဆွဲ မှုမှတစ်ဆင့် ပါဝင်လာနိုင်မှု မရှိခြင်းသာ ဖြစ်သည်။ ၁၅ (ဝါ) ၂၁ လွန်ဆွဲနေခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ MNDAA နှင့် တပ်မတော်တို့ ၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီလက ဖြစ်ပွားခဲ့သော လောက်ကိုင်တိုက် ပွဲတွင် တပ်မတော်က အချုပ်အခြာအာဏာ ကို ထိပါးတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း မှတ်ယူကာ MNDAA ကို NCA ၌ ပါဝင် ခွင့် မပြုခဲ့ခြင်းဖြစ်ပြီး TNLA, AA တို့မှ လည်း ကူညီတိုက်ခိုက်ခဲ့ခြင်းကြောင့် ပါဝင် ခွင့် မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဤအကြောင်းခြင်းရာများက ဃြဗ စာချုပ် ဖြစ်ပေါ်လာခြင်းနှင့်အတူ ပေါက်ဖွားလာခဲ့သော ဖြေရှင်းရမည့် ပြဿ နာများ ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ဃြဗ လက်မှတ်ရေးထိုးပြီးသော် လည်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိ ဘဲ ဆက်လက်ဖြစ်ပွားမြဲ ဖြစ်ပွားနေဆဲပင် ဖြစ်ပါသည်။

ထို့ကြောင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် TNLA, AA စာချုပ် အကောင်အထည် ဖော်ခဲ့ကြရာမှ မည်သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရပါသနည်း ဆိုသည့် မေးခွန်းများလည်း လူထုအကြား ရေပန်းစားလာခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် NCA ကို လက်တစ်လုံးခြား အခွင့်အရေးရယူခြင်း ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် NCA စာချုပ်သည် အခန်း (၇) အပိုဒ် ၃၃ ပိုဒ် ပါရှိသည့်အနက် ခိုင်မာသည့် နယ်မြေသတ်မှတ်ထားခြင်း မပါဝင် ခြင်းကြောင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ကို လက်တစ်လုံးခြား အခွင့်အရေးရယူနေ ခြင်းကြောင့် တိုက်ပွဲ များ ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။

တိကျခိုင်မာသော နယ်နိမိတ် သတ်မှတ်နိုင်မည်ဆိုပါက တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များလည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားလည်း ကောင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်တော့ မည် မဟုတ်သကဲ့သို့ ဖြစ်ပွားမည်ဆိုပါက လည်း ရက်ဆက်မဟုတ်ဘဲ အနည်းငယ် သာ ဖြစ်ပွားလာနိုင်တော့မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဃြဗ စာချုပ် တွင် နယ်နိမိတ် သတ်မှတ်ထားခြင်း မရှိ သေးသည့်အတွက် စစ်ရေးအရ လက်နက် ကိုင် အဖွဲ့အားလုံးသည် အာဏာ၊ နယ် မြေ၊ တိုးချဲ့လာနေကြပြီး  NCA စာချုပ်၌ နယ်နိမိတ် သတ်မှတ်လာခဲ့သည့် အချိန် မှာ ၄င်းတို့၏ အာဏာ၊ နယ်မြေတို့ ကြီးထွား နေရန် ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် NCA လက်မှတ်ရေးထိုးထားသော RCSS/SSA နှင့် NCA စာချုပ်တွင် ပါဝင် ခွင့်မရသေးသည့် PSLF/TNLA တို့ တိုက် ပွဲများ ဖြစ်ပွားနေခြင်းမှာ နယ်မြေအငြင်း ပွားမှုကြောင့် ဖြစ်သည်။
RCSS/SSA ဘက်က TNLA တို့ မပေါ်ပေါက်ခင်က မိမိတို့ လှုပ်ရှားနေ ကြောင်း၊ TNLA ကမူ NCA ကို အကြောင်း ပြ၍ နယ်မြေ ကျူးကျော်လာခြင်းဖြစ်သည် ဆိုသော အပြန်အလှန် ငြင်းခုံ ပြောဆိုနေ ကြခြင်းနှင့်အတူ မြေပြင်မှာ တိုက်ပွဲများ ဖြစ်နေကြသည်။

ထိုဖြစ်ရပ်ကိုကြည့်ပါက RCSS/ SSA သည် လက်ရှိ ၄င်းတို့ ထိန်းချုပ်နယ် မြေများအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း တပ်လှန့်၍ လှုပ်ရှားလာရာမှာ TNLA ကို အနိုင် တိုက်ခိုက်နိုင်ခဲ့ပါက ထိန်းချုပ်နယ်မြေ ပိုမို ကျယ်ပြန့်လာနိုင်ပြီး အာဏာ(Power)လည်း ပိုမိုမြင့်တက်လာ နိုင်မည်ဖြစ်ရာ NCA စာချုပ်အရ နယ်နိ မိတ် သတ်မှတ်ချိန်မှာ ထိုနယ်မြေများပါ ရယူနိုင်ခဲ့မည် ဖြစ်သည်။

ချစ်မင်းထွန်း

No comments:

Post a Comment