Wednesday, November 30, 2016

NDF မှ သက်ငယ်မုဒိမ်းပြစ်ဒဏ်တိုးမြှင့်ရေး ကြေညာချက် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သက်ငယ်မုဒိမ်းမှုပြစ်ဒဏ်များ တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး သဘောထားကြေညာချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။ ချွင်းချက်မရှိ (၁၀) နှစ်နှင့်အထက် ပြစ်ဒဏ်ချမှတ်ပေးရန်၊ ဖခင်အရင်းဖြစ်ပါက တစ်သက်တစ်ကျွန်း ၂၅ နှစ်၊ မုဒိမ်းမူနှင့်အတူ လူသတ်မှုကျူးလွန်ပါက ပုဒ်မ-၃၀၂(၁-ဂ)အရ သေဒဏ်ကိုပါ ပူးတွဲချမှတ်စေရန် အစရှိသည့် အချက်များ ပါဝင်သည်။ ကျူးလွန်ပါက ကြီးလေးသော ပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံမီဒီယာများတွင် သတိပြုရှောင်ရှားနိုင်စေရန် ထုတ်လွှင့်ခြင်း၊ ဗီဒီယိုဥပဒေပါ ပြဋ္ဌာန်းချက်များ အပါအ၀င်နှင့် Social Media လူမှုသတင်းကွန်ယက်ပေါ်တွင် လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာဖော်ပြပါရှိနေမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အစရှိသည့် အချက်အလက်များ ဖော်ပြပါရှိသည်။ NDF အနေဖြင့် ၂၀၁၇ ဧပြီလတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆ ဦး အမည်စာရင်း တင်သွင်းထားသည်။ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သက်ငယ်မုဒိမ်းမှုကျုးလွန်သူများကို ထောင်ဒဏ်၁၀နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ငွေဒဏ်ပါ ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ထားကြောင်းနှင့် အမြန်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း နိုဝင်ဘာလ ၂၈ ရက်တွင် မီဒီယာသို့ ပြောကြားထားသည်။ Mizzima

No comments:

Post a Comment