Tuesday, November 29, 2016

မွန်နှင့် တနင်္သာရီ တိုင်ကြားစာများ သီးသန့်စစ်ဆေးရန် NLD စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့အတွင်း ပါတီသို့ တိုင်ကြားလာမှုများ အပေါ် သီးသန့်စစ်ဆေး ဖော်ထုတ်မှု ပြုလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ဦးဉာဏ်ဝင်း ဦးဆောင်သည့် ၃ ဦးပါဝင်သော လေ့လာ သုံးသပ်ရေး အဖွဲ့ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ေ လ့လာ သုံးသပ်ရေး အဖွဲ့တွင် ဦးဉာဏ်ဝင်း၊ ဒေါက်တာ မျိုးညွန့်နှင့် ရှေ့နေ ဦးကျော်ဟိုး တို့ပါဝင်ပြီး NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် တိုင်စာများတွင် အရေးကြီးသည့် အကြောင်းကိစ္စများ ပါဝင်နေသည့် အတွက် ယခု ကဲ့သို့ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်က ပြောကြားသော်လည်း အသေးစိတ်ကိုမူ မပြောနိုင် သေးကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက “အဲ့ဒီ ဒေသနှစ်ခုက ကိုယ်စားလှယ်တွေ တာဝန်မကျေမှုတွေ၊ နောက်ပြီး တိုင်စာမှာ တင်ဒါ ခေါ်ယူတဲ့ကိစ္စတွေလည်း တွေ့ရတယ်၊ ဒါတွေကို မှန်မမှန် စစ်ဆေးမှာပါ၊ လေ့လာ သုံးသပ်ရာမှာ သက်ဆိုင်ရာ ဝန်ကြီးတွေက တောင်းဆိုချက်တွေလည်း အားလုံးပါနိုင်ပါတယ်”ဟု ပြောဆိုသည်။ ထွန်းထွန်း

No comments:

Post a Comment