Saturday, November 26, 2016

NLD အမတ် ၃ ဦးအား ပါတီတာဝန်များမှ ရပ်စဲ

ဦးစိန်ဝင်း၊ ဒေါက်တာစိုးမိုးသူ၊ ဦးဉာဏ်လင်းတို့ကိုပါတီ၏ တာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ကြောင်း ကြေညာချက်အမှတ် ၃/၁၁/ ၂၀၁၆၊ နိုဝင်ဘာ ၂၆ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ကြေညာချက်ထုတ်ပြန်လိုက်သည်။ ဦးစိန်ဝင်း ၊ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးဉာဏ်လင်း ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို့ကို နိုဝင်ဘာ၂၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏အစည်းဝေးဆုံးဖြတ်ချက်အရ ပါတီ၏ တာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
The Ladies News

No comments:

Post a Comment