Monday, November 28, 2016

NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းကို ဥပဒေ အကြံပြုချက် ရရှိပါက တရားစွဲမည်

ရွှေပြည်သာမြို့နယ်၊ (၈) ရပ်ကွက်ရှိ မိုတယ်တစ်ခုတွင် အချင်းများရာမှ အမှုဖွင့် တိုင်ကြားခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းကို ဥပဒေ အကြံပြုချက် ရရှိခဲ့ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ၀င်းမြင့်က ပြောကြားသည်။  “အမှုဖွင့်တိုင်ကြားထားတာ တစ်လကျော်ပြီ၊ ဒါပေမဲ့ တရားစွဲဆိုခွင့် ပြုမပြု ဥပဒေ အကြံပြုဘက်က အကြောင်းမပြန်သေးဘူး၊ ဥပဒေ အကြံပြုချက် ရတာနဲ့ တရားစွဲဆိုသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။  ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းမှာ အောက်တိုဘာလ ၁ ရက် ည ၁၁ နာရီ ခန့်က ၎င်းအပါအ၀င် အမျိုးသားသုံးဦး ၈ ရပ်ကွက်ရှိ မိုတယ်တစ်ခုသို့ လာရောက်ခဲ့ပြီး သီချင်းဆိုမည်ဟု ပြောဆိုကာ မိုတယ်တံခါးကို ဖွင့်ခိုင်းရာ ၀န်ထမ်းများက မဖွင့်ပေးသောကြောင့် နှစ်ဖက်အချင်းများခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရသည်။

-
အချင်းများစဉ် ယင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ညှိနှိုင်းပေးရာ မိုတယ်ဝန်ထမ်းများက တံခါးဖွင့်ပေးခဲ့ပြီး ဦးဉာဏ်လင်းပါ သုံးဦးမှ ၀န်ထမ်းများကို ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းမိုတယ်မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
-
“ညသန်းခေါင်ချိန် မိုတယ်ထဲ လူစိမ်းတွေ ၀င်ထွက်နေတယ်လို့ ရပ်ကွက်နေသူတွေက သတင်းပေး တိုင်ကြားတာကြောင့် ကျွန်တော်
တို့က ၀င်ရောက်မေးမြန်းခဲ့တာပါ၊ သူတို့ဘက်က အသာတကြည် လက်မခံလို့ နှစ်ဖက် အချင်းများခဲ့တာပါ” ဟု ဦးဉာဏ်လင်းက ပြောသည်။
-
ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း အပါအ၀င် မြောင်းမြမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းတို့ကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၂၆ ရက်နေ့က ပါတီ၏ တာဝန်များ ရပ်စဲလိုက်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment