Thursday, November 24, 2016

မြန်မာ-ဂျပန်စီးပွားရေးလုပ်ငန်းများချိတ်ဆက်ရန် Nobeo Cafe ရုံးခွဲ မန္တလေးတွင် ဖွင့်လှစ်

ဂျပန်နိုင်ငံ Nobeoka မြို့မှ အသေးစား၊ အလတ်စား (SME) လုပ်ငန်းရှင်များစုစည်းဖွဲ့စည်းထားသည့် Nobeo Cafe အမည်ရှိ အဖွဲ့သည် ဂျပန်နိုင်ငံမှ စီးပွးရေးလုပ်ငန်းများနှင့် မြန်မာ နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင်ရန် Nobeo Cafeရုံးခွဲကို နိုဝင်ဘာ ၂၃ ရက်က မန္တ လေးမြို့ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းရုံး တွင် ကျင်းပခဲ့သည်။ ‘‘Nobeo Cafe ဆိုတာ သူတို့ နိုင်ငံမှာလည်း ဖွင့်လှစ်ပြီး အောင် မြင်နေပါတယ်။ အခုလို မန္တလေး မှာ လာပြီးဖွင့်လှစ်လိုက်တဲ့အ တွက် မန္တလေးတိုင်းအတွင်းက SME လုပ်ငန်းတွေအတွက် လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး ပရိုဂရမ်တွေနဲ့ စီးပွား ရေးလုပ်ငန်းစီမံခန့်ခွဲမှုတွေမှာပါ အထောက်အကူပြုစေနိုင်ပါ တယ်’’ဟု မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။


Nobeo Cafe သည် SME လုပ်ငန်းရှင်များကို တစုတစည်းတည်းတွေ့ဆုံနိုင်ရန်နှင့် ယင်းတို့၏ ထုတ်ကုန်များကို တစုတစည်းတည်းပြသနိုင်ရန် စုရပ်နေရာတစ်ခုဖန်တီးပေးခြင်း ဖြစ်ပြီး ယခုဖွင့်လှစ်လိုက်သည့် Nobeo Cafe ရုံးခွဲအသစ်မှ ဂျပန်နိုင်ငံမှ SME လုပ်ငန်းရှင်များနှင့် မန္တလေးတိုင်းအတွင်းမှ SME လုပ်ငန်းရှင်များအကြားတွင် ထုတ်ကုန်များပြသခြင်း၊ သတင်းနှင့် နည်းပညာများ မျှဝေခြင်း၊ ဈေးကွက်ရှာဖွေခြင်းစသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

‘‘လွန်ခဲ့တဲ့ နှစ်က စပြီး မန္တ လေးမြို့နဲ့ Nobeoka မြို့တို့ကြား မှာ ရင်းနှီးမှုပိုရလာခဲ့ပြီး အခုလက် တွေ့ ဒီမှာလာဖွင့်ရတဲ့အထိ အ ကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ် ပါတယ်။ မြန်မာနိုင်ငံနဲ့ Nobeoka က စီးပွားရေးလုပ်ငန်းရှင်တွေ စီး ပွားရေးဆိုင်ရာ ဆက်သွယ်မှုပိုပြီး တော့ ကောင်းမွန်လာမယ်လို့ လည်း မျှော်လင့်မိပါတယ်’’ဟု Nobeoka မြို့၏ ဒုတိယမြို့တော် ၀န် မစ္စတာ ဟီဝါမိုတိုရှီက ပြော ကြားသည်။

Nobeo Cafe ဖွင့်ပွဲတွင် ဂျပန်နိုင်ငံနှင့် မန္တလေးမြို့တို့မှ စီးပွား ရေးလုပ်ငန်းရှင်ပေါင်း နှစ်ရာခန့် တက်ရောက်ခဲ့ပြီး ၎င်းတို့၏ ထုတ်ကုန်အချို့ကိုလည်း အပြန်အလှန်မိတ်ဆက်ကာ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရ သည်။ နိုင်လင်းအောင်

No comments:

Post a Comment