Wednesday, November 23, 2016

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာများ အားလုံးကို PACE အဖွဲ့က လေ့လာသူ ၇ဝဝ ကျော်ဖြင့် စောင့်ကြည့်မည်

ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် PACE အဖွဲ့မှ လေ့လာသူ၇ဝဝကျော်ဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၁ ရက်တွင် PACE အဖွဲ့မှပြုလုပ်သော ရွေးေ ကာက်ပွဲဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်း လုပ်ငန်းစဉ်များအား မိတ်ဆက်ခြင်း အခမ်းအနား၌ PACE အဖွဲ့၏အမှု ဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာ မြင့်က အထက်ပါအတိုင်းပြောသည်။ ''အခုပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း အသစ်ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ရွေး ကောက်ပွဲဖြစ်ဖို့ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်တွေကို ဘယ် လောက်ထိ ပြုပြင်ပြောင်းလဲထားပြီ လဲဆိုတာရယ်၊ ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာရယ်ကို ကျွန်တော်တို့အဖွဲ့က လေ့လာသူ ၇ဝဝ ခန့်နဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်''ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ် ၂၂ မြို့နယ်တွင် မဲစာရင်းစစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် သဘောတူညီမှုရရှိထား ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။ စောင့်ကြည့်လေ့လာသူများမှာ ယှဉ်ပြိုင်မည့်မြို့နယ်များ မှ နိုင်ငံရေး ကင်းရှင်းသော စေတနာ့ဝန်ထမ်းများ အား ဦးစားပေးရွေးချယ်ကာ စောင့် ကြည့်လေ့လာမှုဆိုင်ရာ သင်တန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။


ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည့်ပုံစံများမှာ ရွေးကောက်ပွဲ အကြိုကာလမှစ၍ ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းခြင်းဆိုင်ရာအချက်အလက်များ၊ မဲဆွယ်စည်းရုံးရေးကာလ၊ မဲဆန္ဒရှင်စာ ရင်း ကြေညာပြသမှုဖြစ်စဉ်၊ မဲဆန္ဒရှင်စာရင်းအရည်အသွေး ဆန်းစစ်လေ့လာမှု စသည့်အချက်အလက်များဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မြို့နယ် ၂၂ မြို့နယ်မှ လစ်လပ် မဲဆန္ဒနယ်၁၉နေရာအား ကာလရှည် စောင့်ကြည့်လေ့လာသူ ၃ဝဖြင့်လည်း ကောင်း၊ ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် ကာလတိုစောင့်ကြည့်လေ့လာသူပေါင်း ၆ဝဝကျော်ဖြင့်လည်းကောင်း စောင့် ကြည့်သွားမည်ဖြစ်ကြောင်း PACE အဖွဲ့မှ ဒေါ်နေခြည်က ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် PACE အဖွဲ့မှ စောင့်ကြည့်လေ့လာသူ ၂ဝဝဝကျော်ဖြင့် စောင့်ကြည့်ခဲ့သည်။  

ZLH

No comments:

Post a Comment