Saturday, November 19, 2016

မန္တလေးမြို့တွင် အဆိုတော် R ဇာနည်၏ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့

အဆိုတော် R ဇာနည်၏ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် အပိုင်း ၃ ပိုင်းခွဲကာ ဖျော်ဖြေခဲ့ပြီး Rဇာနည်နှင့်အတူ ဆုန်သင်းပါရ်၊ ဂျေမီတို့ကလည်း တွဲဆိုကာ ပါဝင်သီဆို ဖျော်ဖြေခဲ့ပြီး The Trees Music Band မှ တီးခတ်ပေးခဲ့သည်။ Rဇာနည်သည် မန္တလေးမြို့တွင် ယခုဖျော်ဖြေပွဲမှာ ဒုတိယအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ R ဇာနည်သည် တစ်ကိုယ်တော်ရှိုးပွဲမှ ရရှိမည့် အမြတ်ငွေများကို အသည်းဖောင်ဒေးရှင်း တစ်ခုတွင် လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။ - သက်ထွန်းအောင်(မန္တလေး) 

No comments:

Post a Comment