Thursday, November 17, 2016

စနစ်တကျ ချင့်ချိန်စဉ်းစားဝေဖန်သုံးသပ်ဆောင်ရွက်နိုင်ကြမှသာ Rule of Lawဆိုတဲ့ တရားဥပဒေစိုးမိုးမှုရှိလာမှာဖြစ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ပြော

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေကြမ်း ၁၁ခုနှင့် အသင့်ဖြစ်အဆို ၈ခု ကြယ်ပွင့်ပြမေးခွန်း၁၀၅ခုကို ဆောင်ရွက်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောသည် ။ နိုဝင်ဘာလ ၁၆နေ့က စတင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်  တတိယပုံမှန်အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။  ထို့ပြင် ပြည်သူများကို အကာအကွယ်ပေးမည့် ဥပဒေများကို ပြဌာန်းကြမှသာ ပြည်သူကလည်း လေးစားလိုက်နာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုများရှိလာမည်ဖြစ်ကြောင်း ၄င်းကပြောသည် ။ “ခိုင်မာသော ဥ ပဒေတွေ ပြည်သူကို အထောက်အကူဖြစ်မဲ့ဥပဒေများဖြစ်ဖို့ အရေးကြီးပါတယ် ပြည်သူကို အကာအကွယ်ပေးမဲ့  ဥပဒေများဖြစ်မှသာ ပြည်သူကလည်း အားကိုးပြီးလေးစားလိုက်နာကြမှာဖြစ်ပါတယ် ဒါကြောင့် လွှတ်တော်လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ချင့်ချိန်စဉ်းစားဝေဖန်သုံးသပ်ဆောင်ရွက်နိုင်ကြမှသာ Rule of Lawဆိုတဲ့ တရားဥပဒေစိုးမိုးမှုရှိလာမှာဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌက ဆိုသည်။ စိုင်းလမင်း

No comments:

Post a Comment