Saturday, November 19, 2016

Shenzhou-11 အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

Shenzhou-11 အာကာသယာဉ်မှ တရုတ်နိုင်ငံသား အာကာသယာဉ်မှူးများသည် အာကာသယာဉ်ငယ်ဖြင့် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
Shenzhou-11 အာကာသယာဉ် ၏ အပြန်အာကာသယာဉ်ငယ်အား တရုတ်နိုင်ငံ မြောက်ပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုဝင်ဘာ ၁၈ရက် ပေကျင်းစံတော်ချိန် နေ့လည် ၂း၀၇နာရီတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အာကာသယာဉ်မှူးများသည် ကမ္ဘာမြေသို့ ပြန်လည်မရောက်ရှိလာခင် အာကာသဓါတ်ခွဲခန်းအတွင်း ၌ ရက်ပေါင်း ၃၀ နေထိုင်ခဲ့ကြောင်း သိရသည်။ Xinhua

No comments:

Post a Comment