Sunday, November 20, 2016

မန္တလေး SME လုပ်ငန်းရှင်များနှင့် ဆွေးနွေးထားသည့်ကဏ္ဍ လေးခုကို အကောင်အထည်ဖော်ရေး တိုင်းအစိုးရသို့ တင်ပြမည်


မန္တလေးတိုင်းရှိ အသေးစား၊ အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါ်လစီများ ချမှတ်နိုင်ရန် လုပ် ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး မှုမှ ရရှိလာသည့် ကဏ္ဍလေးခုကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည် ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်း (MRCCI)မှ သတင်းရှိ သည်။ ‘‘SME လုပ်ငန်းတွေ ဖွံ့ဖြိုး ရေးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ ဖွံ့ဖြိုးရေးပညာရောင်ခြည်အဖွဲ့ နဲ့ ပူးပေါင်းပြီး လုပ်ငန်းရှင်တွေ၊ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ နှစ်ရက်အကြာ အလုပ်ရုံဆွေးနွေး ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီကရလာတဲ့အချက်တွေကို တိုင်း အစိုးရအနေနဲ့ ပေါ်လစီတစ်ခု ချမှတ်ပေးနိုင်ဖို့ တင်ပြမှာဖြစ်ပါ တယ်’’ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း (MRCCI) ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပခြင်းဖြစ် ပြီး ဖွံ့ဖြိုးရေး ပညာရောင်ခြည်မှ ပညာရှင်များ၊ မန္တလေးတိုင်း SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ တာဝန်ရှိသူများ၊ တိုင်းအစိုးရအဖွဲ့က တာဝန်ခံအရာရှိ အချို့နှင့် မန္တလေးတိုင်းရှိ SMEလုပ်ငန်းများမှ ၎င်းတို့ ကြုံတွေ့ နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။
‘‘တိုင်းအစိုးရဆီ တင်ပြပြီး ငါးလ၊ ခြောက်လအတွင်း ပေါ် လစီတစ်ခု လက်တွေ့အကောင် အထည်ပေါ်လာအောင် အောင် ရွက်သွားမယ်။ ပေါ်လစီရေးဆွဲပြီး ရင်လည်း အဲဒါက တကယ်အသုံး ဝင်လားဆိုတာကိုပါ ပြန်ပြီးတော့ စိစစ်မှာဖြစ်ပါတယ်’’ဟု ဦးဝင်းဌေးက ရှင်းပြသည်။
မန္တလေးတိုင်း၌ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါ်လစီရေးဆွဲရာတွင် ပြည်ထောင်စုအဆင့် ဆောင် ရွက်ပေးရမည့် ကဏ္ဍ၊ တိုင်း အစိုးရအဖွဲ့က ဦးစီးကာဆောင် ရွက်ပေးရမည့်ကဏ္ဍ၊ အစိုးရ မဟုတ်သည့် SME လုပ်ငန်းဆိုင်ရာအရပ်ဘက် အဖွဲ့အစည်းများ ၏ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ နှင့် လုပ်ငန်းရှင်များကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုကဏ္ဍ စသည့် ကဏ္ဍလေးခုအပေါ်တွင် အခြေခံ ကာ ရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day

No comments:

Post a Comment