Friday, November 25, 2016

'Star Trek' ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်မယ်လို့ သတင်းများထွက်နေတဲ့ မီရှဲလ်ယိုး

အာရှရုပ်ရှင် ကြယ်ပွင့် တစ်ဦးဖြစ်သော     မလေးရှား သရုပ်ဆောင် မီရှဲလ်ယိုးသည် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပ သော စင်ကာပူနိုင်ငံ၏ ရုပ်ရှင်ပွဲ တော်သို့ တက်ရောက်လာစဉ် အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲ 'Star Trek: Discovery' ၌ ပါဝင်သရုပ်ဆောင်မည်ဟူသော သတင်းနှင့်ပတ်သက်၍ အတိ အကျ ဖြေကြားခြင်းမရှိပေ။ 'Star Trek: Discovery' ရုပ်ရှင်ဇာတ်လမ်းတွဲကို CBS ရုပ် သံကုမ္ပဏီက မေလတွင် စတင် ရိုက်ကူးမည်ဖြစ်သည်။ ‘‘CBS ကုမ္ပဏီကတော့ သူတို့ဘာသာ ကြေညာလိမ့်မယ် လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံး 'Star Trek' ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာခဲ့ရတာ ပါ။ ဟုတ်ပါတယ်။ ကျွန်မကလည်း 'Star Trek'ရဲ့ အမာခံပရိသတ် တစ်ယောက်ပါ’’ဟု မီရှဲလ်ယိုးက ပြောသည်။ 'Crouching Tiger, Hidden Dragon' နှင့် 'Tomorrow Never Dies' ဇာတ် ကားများတွင် ပါဝင်သရုပ်ဆောင် ခဲ့သော မီရှဲလ်ယိုးကို အနောက် နိုင်ငံမှ ပရိသတ်များကပါ အားပေးခဲ့သည်။ 'Star Trek: Discovery' ၏ အတိုင်ပင်ခံ ပရိုဂျူဆာ နီကိုလပ်စ်မီယာက Coming Soon.net ဖျော်ဖြေရေးဝက်ဆိုဒ်နှင့် အင်တာ ဗျူးတစ်ခုတွင် မီရှဲလ်ယိုးသည် ထိုဇာတ်လမ်းတွဲ၌ ပါဝင်သရုပ် ဆောင်မည်ဖြစ်သော်လည်း မည် သည့်နေရာတွင် သရုပ်ဆောင် မည်ကို  မပြောသေးကြောင်းဆို သည်။ စင်ကာပူရုပ်ရှင်ပွဲတော် တွင်   ကမ္ဘာတစ်ဝန်းမှ    ရုပ်ရှင် ပေါင်း ၁၆၀ ကျော်ကို  ဒီဇင်ဘာ ၄ ရက်အထိ ပြသမည်ဖြစ် သည်။        

No comments:

Post a Comment