Sunday, November 27, 2016

Tiger ဘီယာရဲ့ “Uncage Your Roar” ကမ်းပိန်းစတင်

Tiger ဘီယာအနေနဲ့ စားသုံးသူတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတဲ့ “Uncage Your Roar” ကမ်ပိန်းကို တနိုင်ငံလုံးတွင်စတင်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က Novotel ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် Tiger ဘီယာမှ တာဝန်ရှိသူများက ကြေညာလိုက်ပါတယ်။ APB-ABC ရဲ့ မားကတ်တင်း ဒါရိုက်တာ Leen De Schutter က “မြန်မာနိုင်ငံဟာ ခုလက်ရှိမှာ အခွင့်အလမ်းတွေ ပြည့်နှက်နေပြီး ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ စားသုံးသူပရိသတ်ကို ဒီအခွင့် အလမ်းတွေကို အမိအရဖမ်းဆုပ်ပြီး သူတို့ရဲ့ တကယ့်ဖြစ်နိုင်ခြေ၊ စွမ်းရည်ကို ဖောက်ထုတ်စေချင် ပါတယ်”လို့ ပြောဆိုသွားခဲ့တာပါ။ ကမ်ပိန်းနှင့်အတူ တေးသံရှင်အောင်ထက်၊ Graffiti artist အာကာကျော်နှင့် အကပညာရှင် ဂျင်မီကိုကို တို့က စိတ်ခွန်အားဖြင့် စိတ်ကူးအိမ်မက်တွေဆီ ကြိုးစားလျောက်လှမ်းခဲ့ရပုံကို ပရိတ်သတ်ထံဝေမျှရင်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

No comments:

Post a Comment