Saturday, November 26, 2016

လူသစ်စု၊ ဆက်ကြေးကောက်ရန် လာသော TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နားလေကျေးရွာအနီးတွင် TNLA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ နိုဝင်ဘာလ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။
“ လူသစ်စု၊ ဆက်ကြေးကောက်ဖို့ လာတဲ့ TNLA အဖွဲ့နဲ့ RCSS/SSA အဖွဲ့တွေ ကျွန်တော်တို့ ရွာအနားမှာ နိုဝင် ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်က တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲကပြင်းထန်တယ်၊ ညနေ ၅ နာရီကျော် လောက်အထိ တိုက်ပွဲဖြစ်နေတာ၊ ကျွန်တော်တို့ရွာကနေ ဆက်ကြေးကောက်၊ လူသစ်စုပြီးအပြန်မှာ မကြာဘူး တိုက်ပွဲဖြစ်သံကြားရတယ်၊ တိုက်ပွဲဖြစ်တာ အတော်လေးကြာတယ်၊ TNLA အဖွဲ့က ၅ ဦးကျပြီး ၂ ဦး ဒဏ်ရာရ တယ်လို့သိရတယ်၊ RCSS/SSA အဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မသိရဘူး”ဟု နားလေရွာသားတစ်ဦး မှ ပြောပါသည်။

“TNLA အဖွဲ့ကို ဒေသခံတွေကလည်း မကြည်ဖြူတော့ဘူး၊ သူတို့အဖွဲ့တွေက ဆက်ကြေးကောက်၊ လူသစ် စုရင် ဈေးသွား/ဈေးပြန်နဲ့ ကျောင်းသားတွေကအစ စုတယ်၊ ဈေးပြန်တွေပါလာတဲ့ ပစ္စည်းတွေလည်း ယူတယ်၊ ဈေးသွား/ဈေးပြန်တွေကိုလည်း RCSS/SSA အဖွဲ့အတွက် ရိက္ခာသွားပို့တယ်အထင်နဲ့ စစ်ဆေးရိုက် နှက်မှုတွေ ပြုလုပ်တယ်၊ အခုလို လူသစ်စုလွန်းတာကြောင့် ရွာသားတွေလည်း မကျေမနပ်ဖြစ်နေကြတယ်၊ လူသစ်စု၊ ဆက်ကြေးကောက်တဲ့အချိန်မှာ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်၊ အခု ကျွန်တော်တို့ရွာတွေမှာ ဆိုရင် TNLA အဖွဲ့ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို အမြဲခံနေရတယ်” ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါ သည်။
TNLA အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံတွေ အမြဲခံနေရတယ်၊ အခုနောက်ပိုင်း ရှမ်းမြောက်ဒေသကို ရခိုင်ပြည်နယ်က AA အဖွဲ့တွေနဲ့ ကချင်ပြည်နယ်ထဲက KIA အဖွဲ့တွေကိုပါ ခေါ်လာပြီး လမ်းတံတားတွေကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်၊ ခရီးသွားကားတွေနဲ့ ကုန်တင်ယာဉ်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်တဲ့အပြင် ဒေသခံတွေကိုလည်း နည်းမျိုးစုံ နှိပ်စက်နေ ကြတယ်၊ TNLA အဖွဲ့က ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှမကူညီဘဲ ဒေသတွင်းမတည်မငြိမ် ဖြစ်အောင်ဖန်တီးနေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ကြောင်း မန်တုံမြို့ခံတစ်ဦးမှ ပြောကြား သွားပါသည်။
စိုင်းသီဟ

No comments:

Post a Comment