Thursday, November 24, 2016

နမ္မတူမြို့အနီးရှိ မုံးစိန်ချောင်းကူးတံတားအား TNLA မိုင်းခွဲဖျက်ဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၏မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မုံးစိန်ချောင်းကူးတံတားအား ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့သည်။ အဆိုပါ တံတားမှာ မုံးစိန်ကျေးရွာနှင့်မုံးတပ်ကျေးရွာတို့ကို ဆက်သွယ်ပေးထားသည့် အရှည် ၆၀ ပေ၊ အကျယ် ၁၅ ပေခန့်ရှိသည့် သံဘေလီတံတားအမျိုးအစားဖြစ်ပြီး ဒေသခံပြည်သူများအတွက် သွားလာရေး၊ ကုန်စည်စီးဆင်းရေးတွင် အဓိက အထောက်အကူပြုသည့် အများပြည်သူပိုင် တံတားဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment