Sunday, November 27, 2016

အရပ်သားဝတ်စုံဝတ်ဆင်ထားတဲ့ TNLA တပ်ဖွဲ့ဝင်များ အပြစ်မဲ့ပြည်သူတစ်ဦးအား ရိုက်နှက်မှု နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့

အရပ်သားဝတ်စုံဝတ်ဆင်ထားတဲ့ TNLA အဖွဲ့မှ တပ်သား ၅ ဦး သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းဆာရွာသား တစ်ဦးကို ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆:၂၃ အချိန်၌ အရပ်သားဝတ်စုံဝတ်ဆင်ထားတဲ့ TNLA အဖွဲ့မှ တပ်သား ၅ ဦး ကောင်းဆာရွာထဲသို့ ဝင်လာကာ ပလောင်လူမျိုးတစ်ဦး၏ အိမ်ထဲသို့ ဝင်သွားပြီး ၃ ယောက်ကတော့ အိမ်အပြင်ဘက်တွင် စောင့်နေကြောင်း ၊ ထိုအချိန်၌ ဘေးနှစ်အိမ်ကျော်မှ စိုင်းဆမ်မှ ညနေလမ်းထွက်လျှောက်ရာ TNLA တပ်သားများက ချက်ချင်းလာရောက် ချုပ်နှောင်ပြီး “နင်ဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ဘာလာလုပ်တာလဲ” ဟုမေးရာ စိုင်းဆမ်မှ ညနေလမ်း ထွက်လျှောက်ပြီး ဘေးနှစ်အိမ်ကျော်ကဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

TNLA တပ်သားများက သူ့ကို ရိုက်နှက်ရာ စိုင်းဆမ်မှ ပြန်လည်ခုခံကာကွယ်ခဲ့သောကြောင့် TNLA တပ်သားများမှ စိုင်းဆမ်အား လျှို့ဝှက်ယူဆောင်လာသောသေနတ်ဖြင့် ချိန်ရွယ်ပြီး “မသေချင်ရင် အသံမထွက်နဲ့” ဟု ခြိမ်းခြောက်ပြီး ပါးစပ်ကို အဝတ်ဖြင့်စည်းကာ အားရသည်အထိ ရိုက်နှက်ခဲ့ကြောင်း သိရပါသည်။
ရိုက်နှက်ပြီးနောက် လူသူမရှိတဲ့နေရာသို့ စိုင်းဆမ်ကို ခေါ်သွားဖို့ ကြိုးစားရာ စိုင်းဆမ်မှ TNLA တပ်သားများကို အားကုန်တွန်းထုတ်ပြီး ပလောင်လူမျိုး၏ နေအိမ်တွင်းသို့ ပြေးဝင်သွားချိန် TNLA တပ်သားများက နောက်ကနေ သေနတ်ဖြင့် ထပ်မံပစ်ခတ်ရာ ထိမှန်ခြင်းမရှိပဲ အိမ်နောက်ဖေးပေါက်မှ ထွက်ပြေးကာ အသက်ဘေးမှ လွတ်မြောက် ခဲ့ရကြောင်း သိရသည်။
TNLA အဖွဲ့မှ တပ်သားများ၏ ရိုက်နှက်မှုကြောင့် စိုင်းဆမ်မှာ သွား ၂ ချောင်းကျိုးပြီး ပါးစပ်ကို ၉ ချက် ချုပ်လိုက်ရကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment