Tuesday, November 22, 2016

သမ္မတသက်တမ်းအတွင်း TPP ကုန်သွယ်ရေးသဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထရန့်ဆို

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နေ့နေ့တွင် ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TPP) မှ နုတ်ထွက်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင်ပြောကြားလိုက်သည်။ အစိုးရသက်တမ်း ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်မည့် ကိစ္စရပ်များကို ရှင်းလင်းသည့် ဗီဒီယိုဖိုင်တွင် ဒေါ်နယ်ထရန့်က "တစ်နေ့မှာ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး အလုပ်တွေကို ပြန်ရနိုင်ဖို့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက်စာရင်းကို ပြုစုထားကြဖို့ ကျွန်တော့်အသွင်ကူးပြောင်းရေးအဖွဲ့ကို ညွှန်ကြားထားပါတယ်" ဟုဆိုသည်။ ထို့နောက်သူက "ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့တိုင်းပြည်အတွက် သိသာထင်ရှားတဲ့ဘေးအန္တရာယ်ဖြစ်နေတဲ့ ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုကနေ နုတ်ထွက်ဖို့ ကြိုးပမ်းချက်ကို လုပ်ဆောင်သွားဖို့ရှိပါတယ်၊ ဒါပေမယ့် အမေရိကန်ကမ်းခြေဒေသတွေမှာ စက်ရုံတွေနဲ့ အလုပ်တွေ ပြန်လည်လည်ပတ်နိုင်ဖို့ မျှတတဲ့ နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းသွားမှာပါ" ဟုပြောကြားသည်။
Ref:AFP

No comments:

Post a Comment