Saturday, November 19, 2016

အမေရိကန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် US - Myanmar Business Forum ကျင်းပ

အမေရိကန်-မြန်မာ နှစ်နိုင်ငံစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် US-Myanmar Business Forum ကို နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ ရှိ ချက်ထရီယံဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ NLD ပါတီမှ စီးပွားရေးကော်မတီအဖွဲ့၊ UMFCCI ဥက္ကဋ္ဌ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ ကိုယ်စား လှယ်အဖွဲ့၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၁၆ ဦး၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ဝ ဦးတို့ တက်ရောက်ဆွေး နွေးခဲ့ကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက''ဒီပွဲမှာ အဓိကဆွေး နွေးသွားခဲ့တာကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ် နှံဖို့ အတွက် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ၊ NLD ရဲ့ စီး ပွားရေးပေါ်လစီပိုင်းတွေ၊ မြန်မာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ အ ကြောင်းတွေ၊ နောက်ပြီးတော့ သူတို့ စိတ်ဝင်စားတဲ့အရာတွေကို အဓိကထားပြီးတော့ ဆွေးနွေးသွားခဲ့ကြ တာပါ''ဟု နိုဝင်ဘာ ၁၇ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ နိုဝင်ဘာ ၁၆ ရက်က အမေရိကန်နိုင်ငံ၏ နာမည်ကျော်ထိပ် တန်းစီးပွားရေးလုပ်ငန်းကြီးများဖြစ် သည့် American International Group(AIG)၊ CITI Group၊ Coca-Cola၊ Exxon Mobile၊ General Electric(GE)၊ Jhpiego၊ Elanco နှင့် Master Card တို့မှ အကြီးအကဲများပါဝင်သည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။
TNO, PP

No comments:

Post a Comment