Thursday, December 1, 2016

၁၉ ရာစုမွေးဖွားသူများ အနက် နောက်ဆုံး ကျန်ရှိသည့်အဘွားအို အသက် ၁၁၇ နှစ်မြောက်မွေးနေ့ကျင်းပ

၁၉ ရာစုနှစ်အတွင်း မွေးဖွားသူများအနက် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိသူအဖြစ် သတ်မှတ်နိုင်သော အီတလီနိုင်ငံမှ အဘွားအို အမ်မာမိုရာနိုသည် နိုဝင်ဘာ ၂၉ ရက်တွင် ၎င်း၏အသက် ၁၁၇ နှစ်မြောက်မွေးနေ့ကို ကျင်းပကြောင်း သိရသည်။ ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မွေးဖွားသော အဘွားအိုအမ်မာသည် ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိထင်ရှားရှိ သူအဖြစ် ဂင်နစ်မှတ်တမ်းဝင်သူဖြစ်သည်။ ¤င်းအနေဖြင့် တစ်နေ့လျှင်ကြက်ဥနှစ်လုံး နှင့်ကွတ်ကီးများကိုသာစားကြောင်း၊ သို့သော် ¤င်းတွင်သွားများ မရှိတော့သည့် အတွက် ပမာဏ အများအပြား မစားကြောင်း အီတလီနိုင်ငံ မြောက်ပိုင်း ဗာဘေးနီးယားမြို့တွင် နေထိုင်သူ အဘွားအိုအမ်မာက AFP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။ ထို့ပြင် ¤င်း၏မွေးနေ့ပွဲကို မည်သူ့ကိုမျှ ဖိတ်ထားခြင်းမရှိသော်လည်း အမေရိက၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ တူရင်၊ မီလန် အစရှိသည့် အနယ်နယ်အရပ်ရပ်မှ လူပုဂ္ဂိုလ် များလာရောက်ကြောင်း အဘွားအိုအမ်မာက ပြောသည်။ အဘွားအိုအမ်မာသည် လက်ရှိအချိန်တွင် အလွန်သတိရှိသူဖြစ်ကြောင်း၊ သို့သော် နားအနည်းငယ်လေးပြီး ရုပ်မြင် သံကြား ကိုကြည့်ရှုရန် မျက်စိအမြင် မကောင်းတော့ကြောင်းနှင့် ၎င်း၏ အချိန်များကို အိပ်စက်ခြင်းနှင့် မုန့်ပဲသရေစာ စားသုံး ခြင်းဖြင့်သာ ကုန်ဆုံးနေရကြောင်း သိရသည်။

No comments:

Post a Comment